ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ နှမ်းထုတ်လုပ်ခြင်းဆိုင်ရာ လူထုအစည်းအဝေးပွဲပြုလုပ်

Tue, 08/08/2017 - 08:02 -- admin_ygn

      ပခုက္ကူကုန်စည်ဒိုင်မှ ကြီးမှူး၍ "ပဲမျိုးစုံနှင့် နှမ်းထုတ်လုပ်ခြင်း စီမံကိန်းအဖွဲ့ခွဲ ဆောင်ရွက်ခြင်းအတွက် ဖြစ်ပေါ်လာနိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်နိုင်မှုများနှင့် သင့်လျော်သော လျှော့ချနိုင်ရေး ဆောင်ရွက်ချက်များ (CFAVC , PPTA 8897 ,MYA )"ဟူသည့် လူထုအစည်းအဝေးတစ်ရပ်ကို ပခုက္ကူ ကုန်သည်ပွဲစားများအသင်းမှာ သြဂုတ် ၂ ရက်က ကျင်းပခဲ့ပါတယ်။ အဆိုပါလူထုအစည်းအဝေးသို့ Pakokku Dragon Trading Co;Ltd နှင့် ADB မှ တာဝန်ရှိသူများ၊ စီမံကိန်းနှင့်သက်ဆိုင်သော ပြည်တွင်း/ပြည်ပမှပညာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပါတယ်။
       အဆိုပါဆွေးနွေးပွဲတွင် Pakokku Dragon Trading Co;Ltd နှင့် ADB အပါအဝင် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်မှ ချေးငွေများရယူ၍ မျိုးစေ့စက်ရုံတည်ဆောက်ကာ မျိုးစေ့များကို သိုလှောင်ထားမည်ဖြစ်ပြီး မျိုးစေ့ လိုအပ်သူ တောင်သူများအား ဖြန့်ေ၀ ပေးမည့်ကိစ္စကို အဓိကထား၍ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မျိုးစေ့ထုတ်လုပ် သိုလှောင်မည့်စက်ရုံတည်ဆောက်ပါက ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ကိစ္စရပ် များနဲ့ ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါတယ်။
        စက်ရုံမတည်ဆောက်မီ Subproject ပြုလုပ်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ Subproject  ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ခေတ်မီလယ်ယာစိုက်ပျိုးခြင်းနှင့် ကုန်သွယ်နည်းစနစ်အပေါ် အခြေခံပြီး  သဘာ၀ ပတ်ဝန်းကျင် ရေရှည်တည်တံ့စေရေးနှင့် တန်ဖိုးရှိ ထုတ်ကုန်များပေါ်ပေါက်လာစေရေးအတွက် မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးပေး ရန်၊ ပဲမျိုးစုံ၊ နှမ်းမျိုးစုံမှထွက်ကုန်များ ပို့ကုန်အရည် အသွေး ဖွံ့ဖြိုး တိုးတက်စေရန် ကောင်းမွန်သော သန့်ရှင်းရေး စနစ်အလေ့အကျင့်များ၊ ကောင်းမွန်သော ထုတ်လုပ်မှုလုပ်ငန်း  အလေ့အကျင့်များ၊ အဓိကအရေးပါသော ထိန်းချုပ် (ထိန်းသိမ်း)ရေးလုပ်ငန်းစဉ်များကို အသေးစိတ် လေ့လာဆန်းစစ်ရန်၊ ထုတ်ကုန်ဒီဇိုင်းများနှင့် မှန်ကန် သော အဆောက်အဦးများတည်ဆောက်ခြင်း (သိုလှောင်ရုံများ တည်ဆောက်ခြင်း၊ ပိုမိုကောင်းမွန်သောအရည်အသွေးများနှင့် အဆင့် အတန်းမြင့်သော ထုတ်ကုန်များဖြစ်ပေါ် လာစေရန်အတွက် အလွယ်တကူရှာဖွေနိုင်သော စက်များနှင့်တိကျမှန်ကန်သောပစ္စည်းကိရိယာ များ တပ်ဆင်ရန်စသည့် ရည်ရွယ်ချက်များ ချမှတ်၍ လုပ်ဆောင်သွား မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

မြင့်ဦး(ပခုက္ကူ)

Local Trade News

Pages