နှစ်စဉ် ဈေးကောင်းခဲ့တဲ့ ပြည်စားတော်ပဲ လက်လီသာ အရောင်းအဝယ်ဖြစ်

Wed, 02/10/2016 - 05:46 -- admin_ygn

          ယခုဖေဖော်ဝါရီလဆန်းမှာ ပြည်ပဲဈေးကွက်အတွင်း လက်လီသာ အရောင်းအဝယ်ဖြစ်တဲ့ ပဲထဲမှာ စားတော်ပဲ သီးနှံဟာ ဈေးကောင်းရလျက်ရှိနေပြီး ပြည်ပဝယ်လက်ပဲများနဲ့အပြိုင် တစ်တင်း ကျပ် လေးသောင်းကျော် ရရှိနေခဲ့ပါ တယ်။
          သို့သော်လည်း စားတော်ပဲသီးနှံဟာ လက်လီသမားသာ နေ့စဉ်အဝယ်ရှိလို့ အိတ်အနည်းငယ်သာ အရောင်း အဝယ် ဖြစ်ခဲ့ကြပါတယ်။ စားတော်ပဲသီးနှံရဲ့ ဈေးနှုန်းများအရ ယခင်နှစ်က ဈေးမှာလည်း ဒေသတွင်း လက်လီ ပဲများနဲ့ ယှဉ်ရင် ဈေးကောင်းရနေခဲ့ပါတယ်။ ဒါကြောင့် လက်လီဈေးကွက်မှာ နှစ်စဉ် ဈေးကောင်းရတာကတော့  စားတော်ပဲ သီးနှံဖြစ်ပါတယ်။                                                                                                                       

 

ခင်ဆွေဝင်း-ပြည်

Local Trade News

Pages