ဒီတစ်ပတ်ဘိလပ်မြေအဝင်လျော့

Wed, 08/30/2017 - 07:56 -- admin_ygn

        သြဂုတ်လ ၁၃ရက်မှ၁၉ရက်အထိ သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၂၇၃၅၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၁၃ ဒသမ ၅၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှားနိုင်ငံမှ ၁၃ ဒသမ ၅၀ တန်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၀၀ နဲ့ ကိုရီးယားနိုင်ငံမှ သုည ဒသမ ၀၅ တန် တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်ကတင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန် ၈၂၄၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ  ဘိလပ်မြေ တန်ချိန် ၈၁၀၀ ကျော် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့သိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages