ဒီတစ်ပတ်နို့ဆီအဝင်လျော့ပြီး နို့မှုန့်အဝင်ပို

Tue, 06/27/2017 - 04:36 -- admin_ygn

     ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  ၃၆၇၃၈၀ တန်ဖိုးရှိ နို့ဆီ ၂၈၉ ဒသမ ၀၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှားနိုင်ငံမှတီးေ ပါ့ နို့ဆီ ၇၀ ဒသမ ၂၀ တန်နဲ့ စင်ကာပူနိုင်ငံ မှ ဒွန်းနို့ဆီ ၂၁၈ ဒသမ ၈၈ တန်ကို တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့နို့ဆီတန်ချိန် ၆၇၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၃၈၀ ကျော်  တင်သွင်းမှု လျော့ နည်းခဲ့တယ်လို့သိရပါတယ်။
       နို့မှုန့်က ဒီတစ်ပတ်မှာ သြစတြေး လျနိုင်ငံမှ ၁၇တန်၊ နယူးဇီလန်နိုင်ငံမှ ၂၉၁ဒသမ ၂၇၅တန်၊ အိုင်ယာလန်နိုင်ငံ မှ တန်ချိန် ၅၀၊  မလေးရှားနိုင်ငံမှ ၆၂ ဒသမ၀၁တန်၊ ဖိလစ်ပိုင်နိုင်ငံမှ ၄ဒသမ ၂၁၈ တန်၊ နယ်သာလန်နိုင်ငံ မှ သုည ဒသမ ၄၂၈ တန် နဲ့ စင်ကာပူနိုင်ငံမှ ၁၉ ဒသမ၈၁၉ တန် ၊ စုစုပေါင်း ၄၄၄ ဒသမ ၇၅၀ တန် တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်က တင်သွင်း ခဲ့တဲ့ နို့မှုန့်တန်ချိန် ၂၈၀ ကျော်နဲ့နှိုင်း ယှဉ်ရင် ဒီတစ်ပတ် မှာ တန်ချိန် ၁၆၀ကျော် အဝင်ပိုခဲ့ပါတယ်။ ဒါကြောင့်ဒီတစ်ပတ် မှာ နို့ဆီအဝင်လျော့ပြီး နို့မှုန့်အဝင်ပိုခဲ့ ပါတယ်။ နယ်စပ်စခန်းဖြစ်တဲ့ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ် လာ ၃၄၂၉ တန်ဖိုးရှိ နို့ဆီ ၃ဒသမ ၆၄၈ တန် တင် သွင်းခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages