ဆန်ချောဈေးငြိမ်နေပြီး ဆန်ကြမ်းအနည်းငယ် ဈေးတက်

Tue, 08/15/2017 - 03:12 -- admin_ygn

         ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောအရောင်းအဝယ်အေးနေပြီး ဆန်ကြမ်းသာ အရောင်းအဝယ် ဖြစ်နေကြောင်းသိရပါတယ်။ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စတစ်အိတ် ကျပ် ၃၅၀၀၀၊ လတ်စတစ် အိ တ်ကျပ် ၃၃၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်တစ်အိတ် ကျပ်၃၆၅၀၀၊ လတ်စ တစ်အိတ် ကျပ် ၃၄၀၀၀၊ နယ်စုံကျိုက်လတ် ပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၃၂၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်တစ် အိတ်ကျပ် ၄၈၀၀၀မှ ၄၉၀၀၀နဲ့ ဈေးငြိမ်နေပြီး အရောင်းအဝယ်လည်း ငြိမ်နေကြောင်းသိရပါတယ်။ ဆန်ကြမ်းဧည့်မထနဲ့ အိတ်စပို့၂၅ မှတ်တစ်အိတ်ကို ကျပ် ၃၀၀ ခန့်ဈေးတက်ပါတယ်။ ဧည့်မထဆန်ထိပ်စတစ်အိတ်ကျပ် ၂၀၆၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၁၈၃၀၀၊အိတ်စပို့ ၂၅ မှတ် တစ်အိတ်ကျပ် ၁၈၀၀၀ မှ ၁၈၃၀၀ ဖြစ်ပြီး ဆန်ကြမ်းအရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။နွေသီးထပ်ရှယ် တစ်အိတ်ကျပ်၂၀၀၀၀ မှကျပ်၂၀၅၀၀၊ နွေဆန်ရက် ၉၀တစ်အိ တ်ကျပ်၂၁၀၀၀မှကျပ်၂၁၅၀၀၊မနောသုခ တစ်အိတ်ကျပ်၂၄၀၀၀မှ ကျပ်၂၅၀၀၀ရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိနေပေမယ့် ယခုရက်ပိုင်းအတွင်း ဆန်အဝင် လျော့သွားတယ်လို့ ဝါးတန်း ကုန်စည်ဒိုင်မှသိရပါတယ်။
         မူဆယ်ဆန်ဈေးကွက်မှာ ယခုတစ်ပတ် ဆန်ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဧည့်မထ ၅ မှတ်စူပါနဲ့ မှော်ဘီတစ် အိတ် ၁၃၂ ယွမ်မှ ၁၃၅ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီတစ်အိတ် ၁၂၈ ယွမ်မှ ၁၂၉ ယွမ်၊ ဧည့်မထ ၁၀ မှ တ် စူပါတစ်အိတ် ယွမ်၁၃၀ မှ၁၃၁ယွမ်၊ မနောသုခ ၁၅ မှတ် တစ်အိတ် ၁၁၉ ယွမ်မှ ၁၂၂ ယွမ်၊ မနောသုခ ၂၅ မှတ် တစ်အိတ် ၁၁၆ ယွမ်မှ ၁၁၈ယွမ်၊ ငစိန် ၅မှတ် တစ်အိတ် ၁၂၁ ယွမ်မှ ၁၂၃ ယွမ်၊ ငစိန် ၁၅မှတ် တစ်အိတ် ၁၁၈ ယွမ်မှ ယွမ်၁၂၀ ၊ ငစိန်၂၅ မှတ် တစ်အိတ် ၁၁၃ယွမ် မှ၁၁၅ ယွမ်ရှိပြီး ဈေးနှုန်း အပြောင်းအလဲသိပ်မရှိကြောင်းသိရပါတယ်။ ဆန်အရောင်းအဝယ်လည်း  ပုံမှန်သာရှိနေတယ်လို့ သိရပါတယ်။ မြို့တွင်းနယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ သြဂုတ် ၃ ရက်မှ ၈ ရက်အထိ ၁၆၁၉၇ တန်ရှိပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages