ဆန်ကြမ်းဝယ်လိုအားများတဲ့အတွက် ဈေးအနည်းငယ်မြင့်တက်

Tue, 06/27/2017 - 03:51 -- admin_ygn

         ယခုသီတင်းပတ်အတွင်း ရန်ကုန်မြို့ဆန်ဈေးကွက်မှာ ဆန်ချောဝယ်လိုအားနည်းပြီး ဆန်ကြမ်းဝယ်လိုအားများတဲ့အတွက် ဆန်ကြမ်းဈေးအနည်းငယ်မြင့်တက်လာကြောင်း သိရပါတယ်။ ရန်ကုန်မြို့ဝါးတန်းဆန်ကုန်စည် ဒိုင်ရဲ့ဆန်လက် ကားဈေးနှုန်းများမှာ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၃၄၅၀၀၊လတ်စတစ်အိတ် ကျပ် ၃၃၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၃၆၅၀၀၊လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ နယ်စုံကျိုက်လတ်ထိပ်စ တစ် အိတ်ကျပ် ၃၂၀၀၀၊ လတ်စတစ်အိတ်ကျပ် ၃၁၀၀၀၊ ရွှေဘို ပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၄၂၀၀၀ မှ ကျပ် ၄၄၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပါတယ်။ ဆန်အဝင် ပုံမှန်ရှိပြီး ဝယ်လို အားနည်းကြောင်းသိရပါတယ်။ဆန်ကြမ်းဝယ်လိုအားများတဲ့အတွက် နွေဆန်ရက် ၉၀ တစ်အိတ်ကို ကျပ် ၅၀၀ ဈေးတက်ပြီး အိတ်စပို့ ၂၅ မှတ် တစ် အိတ်ကို ကျပ် ၃၀၀ ခန့် ဈေးတက်ကြောင်းသိရပါတယ်။ ဧည့် မထဆန်ထိပ်စ တစ်အိတ်ကျပ် ၁၈၅၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၁၇၀၀၀၊ နွေသီး ထပ်ရှယ်တစ်အိတ်ကျပ် ၁၈၀၀၀ မှကျပ် ၁၉၀၀၀၊ နွေဆန်ရက် ၉၀ တစ်အိတ်ကျပ် ၁၉၅၀၀ မှ ကျပ် ၂၁၅၀၀၊ မနောသုခ တစ်အိတ်ကျပ် ၂၄၀၀၀ မှ ကျပ် ၂၅၀၀၀၊ အိတ်စပို့ ၂၅ မှတ်တစ်အိတ်ကျပ် ၁၆၈၀၀ မှ ကျပ် ၁၇၀၀၀ ဖြစ်ကြောင်း ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းထုတ်ပြန်ချက် အရ သိရှိရပါတယ်။

         မူဆယ်ဆန်ဈေးကွက်မှာ ယခုတစ်ပတ် တစ်ဖက်နိုင်ငံရဲ့ဝယ်လိုအားနည်းသွားတဲ့အတွက် ဆန်အဝင်လျော့ပြီး ဆန်ဈေးလည်း အနည်းငယ်ကျသွားပါတယ်။ ဧည့်မထ ၅ မှတ် မှော်ဘီတစ်အိတ် ယွမ် ၁၃၀ မှ ၁၃၂ ယွမ်၊ ဧည့် မထ ၅ မှတ်စူပါ တစ်အိတ် ၁၃၂ ယွမ်မှ ၁၃၅ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီ တစ်အိတ် ၁၂၈ ယွမ်မှ ၁၂၉ ယွမ်၊ ဧည့်မထ ၁၀ မှတ် စူပါတစ် အိတ်  ယွမ် ၁၃၀ မှ ၁၃၁ ယွမ်၊ မနောသုခ ၁၅ မှတ်တစ်အိတ် ၁၁၉ ယွမ်မှ ၁၂၂ ယွ မ်၊ မနောသုခ ၂၅ မှတ် တစ်အိတ် ၁၁၆ ယွမ်မှ ၁၁၈ ယွမ်၊ ငစိန် ၅ မှတ်တစ်အိတ် ၁၂၁ ယွမ်မှ ၁၂၃ ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ် ၁၁၈ ယွမ်မှ ယွမ် ၁၂၀၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၁၃ယွမ်မှ ၁၁၅ ယွမ်ဖြစ်ပြီး ဧည့်မထတစ်အိ တ်ကို တစ်ယွမ်မှသုံးယွမ်အထိ ဈေးကျပါတယ်။ ငစိန်ကတော့ ဈေး ငြိမ်နေကြောင်း သိရပါတယ်။ ယခုတစ်ပတ်ဆန်အဝင်မှာ ဇွန် ၁၅ရက် မှ ၂၁ ရက်အထိ မြို့တွင်းနယ်စုံမှ မူဆယ်သို့ဆန် ၉၇၆၇ တန် အဝင်ရှိပြီး ဆန်အဝင် သိသိ သာသာ လျော့ကျ သွားပါတယ်။ တစ်ဖက်နိုင်ငံရဲ့ဆန်ဝယ်လိုအား အခြေအနေပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတာကြောင့်လို့သိရပါတယ်။ ဇွန် ၂၃ ရက်ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၉၆ ကျပ်ဝန်းကျင်ဈေးရှိပြီး ငွေဈေးငြိမ်နေ တယ်လို့ မူဆယ်မှ သတင်း ရရှိပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages