စားသုံးသူများအတွက် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိရေး

Tue, 08/22/2017 - 07:52 -- admin_ygn

         လူ့အဖြစ်ကို လွန်စွာရခဲလှပေသည်။ လူ့ပြည်က အပ်တစ်စင်းနှင့် နတ်ပြည်က အပ်တစ်စင်း ထိပ်တိုက်ဆုံဖို့ရာ လွယ်ချင်လွယ်လိမ့်မည်။ ပင်လယ်ထဲမှ လိပ်ကန်းတစ်ကောင်သည် နှစ်တစ်ထောင် ကြာမှ ရေပေါ်သို့ တစ်ခါ တက်၍ အသက်ရှူချိန် တွင် ရေပေါ်၌ ပေါလောမျောနေသော ထမ်းပိုးရှိ အပေါက်၌ စွတ်မိခြင်းသည် လွယ်ကောင်း လွယ် လိမ့်မည်။ လူ့အဖြစ်ကိုရရန်မူ လွန်စွာ ခဲယဉ်းပေ သည်ဟုဆိုကြသည်။ လူ့အဖြစ်ကို လွန်စွာ ရခဲ ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ယနေ့သည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှလုံခြုံ စိတ်ချရမှု မရှိသော အစားအသောက်များ၊ အသုံးအဆောင် များ၊ လူသုံးကုန်ပစ္စည်းများကြောင့် ရခဲလှသော လူ့ဘဝကို များစွာ အန္တရာယ်ပေးလျက် ရှိနေပါ သည်။ စားသုံးသူများသည် အဆိုပါ ပစ္စည်းများ ကြောင့် ရောဂါဆန်းများ၊ ပုံစံအမျိုးမျိုးဖြင့် ထိခိုက် သေဆုံးမှုများ ကြုံတွေ့နေရ ပါသည်။ လူသားများ သက်တမ်းစေ့ နေထိုင်နိုင်ရေး၊ ဘေးဥပဒ် အန္တရာယ် ကင်းရှင်းသော လုံခြုံစိတ်ချ ရမှုရှိသော ကုန်စည်၊ ဝန်ဆောင်မှုများ ရရှိသုံးစွဲ ဆောင်ရွက်ရေး၊ လုပ်ငန်းရှင်များအတွင်း တရားမျှတသော ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာရေးအတွက် စားသုံးသူများအား အကာအကွယ်ပေးရေး လုပ်ငန်းများဖြင့် စားသုံး သူများ၏ ရပိုင်ခွင့်ရှိသော အခွင့်အရေးများ အပြည့်အဝရရှိရေး ဆောင်ရွက် ပေးရန် အရေးတကြီး လိုအပ်လျက် ရှိပါသည်။
           စားသုံးသူများသည် ကုန်စည်၊ ဝန်ဆောင်မှု ပြုသူလုပ်ငန်းရှင်များ၊ ထုတ်လုပ်သောအစားအစာ၊ အလှကုန်၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် အခြား ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နေ့စဉ် အမှီပြုကာ စားရေး၊ ဝတ်ရေး၊ နေရေးကိစ္စများကို ဖြေရှင်းလျက် ရှိကြသည်။ ဘေးအန္တရာယ်ကင်းရှင်း ပြီး အမှန်တကယ် အကျိုးရှိစေမည့် ကုန်စည်၊ ဝန်ဆောင်မှုများကို ခံစားလိုကြသည်။ စီးပွားရေး ပညာရှင်တစ်ဦးမှ ပြောခဲ့ဖူးသည် "လူသားတို့သည် မျှော်လင့်ချက်များကို ငွေဖြင့် လဲလှယ်ယူကြသည်"ဟူ၍ဖြစ်သည်။ လုပ်ငန်းရှင်များသည် စားသုံးသူများ၏ မျှော်လင့်ချက်များကို ပေးအပ်သော အခက် အခဲများနှင့်အညီ လုံခြုံ စိတ်ချရမှုရှိသော ကုန်စည်၊ ဝန်ဆောင်မှုများကို ပေးအပ် ရန် တာဝန်ရှိပါသည်။စားသုံးသူများအတွက် ထုတ်လုပ်သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုပေးသော လုပ်ငန်း များ စိတ်ချရမှု၊ လုံခြုံမှု အပြည့်အ၀ ရရှိစေရေးအတွက် ဌာနဆိုင်ရာများမှ ပြဋ္ဌာန်းထားသော ဥပဒေများ၊ လိုက်နာရမည့် ညွှန်ကြားချက်များ၊ ထုတ်ပြန်ထားသည့် အမိန့်များအတိုင်း တိကျစွာ လိုက်နာ၍ မိမိနိုင်ငံနှင့် နိုင်ငံတကာ အဆင့်မီ စံချိန် စံညွှန်း သတ်မှတ်ချက်များအတိုင်း တိကျစွာ လိုက် နာဆောင်ရွက်ရန် အရေးကြီးပါသည်။ ထုတ်ကုန်နှင့် ဝန်ေ ဆာင်မှုလုပ်ငန်းများ လုံခြုံစိတ်ချရမှု အဆင့်တိုင်းတွင် လုပ်ငန်းရှင်များ သာမက ထုတ်လုပ်သူ၊ တင်ပို့သူ၊ တင်သွင်းသူ၊ လက်ကားရောင်းချသူ၊ လက်လီရောင်းချသူအားလုံး အကျုံးဝင်သည်။ ကိုယ်စီကိုယ်ငှ အဆင့်တိုင်းတွင် ထုတ် ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေး စိစစ်ကြပ်မတ် စစ်ဆေးဆောင်ရွက်ကြရပါမည်။ သို့မှသာ စားသုံးရာတွင်လည်းကောင်း၊ သိုလှောင်၊ ကိုင်တွယ်၊ ထိန်းသိမ်းရာတွင်လည်းကောင်း လုံခြုံ စိတ်ချရမှုမရှိ၍ ထိခိုက်နစ်နာ ဆုံးရှုံးမှုများေ ပါ် ပေါက်ပါက ကုစားဖြေရှင်းပေးနိုင်မည် ဖြစ်ပါသည်။
        မြန်မာနိုင်ငံတွင် ထုတ်ကုန်များ လုံခြုံစိတ်ချ ရမှုမရှိ၍ အောက်ပါအဖြစ်အပျက်များကို ကြုံတွေ့ ရလျက်ရှိပါသည်။
* ရက်လွန်၊ တရားမဝင်သော ဓာတုဆေးသုံး အစားအစာများကို စားသောက်မိ၍ အော့အန်၊ မူးဝေ၊ သတိလစ်၊ သေဆုံးမှုများ ဖြစ်ပေါ်နေရခြင်း။
* ပဲဆီစစ်စစ်ဟူ၍ ဈေးကြီးပေးကာ ဝယ်ယူသုံးစွဲ သော စားဆီများတွင် တရားမဝင်ဓာတု ဆေးအနံ့ ရောစပ်၍ ရောင်းချနေခြင်းများကြောင့် ရောဂါ ပေါင်းစုံ ခံစားနေရခြင်း။
*အရည်အသွေး ညံ့ဖျင်း၍ စံချိန် စံညွှန်းမညီသော ဆောက်လုပ်ရေးသုံးပစ္စည်းများ သုံးစွဲ ဆောက် လုပ်၍ အချိန်မတိုင်မီ ပြိုကျ၍ သေကြေပျက်စီးခြင်း။
* အရည်အသွေး မပြည့်မီသော မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအချို့ကြောင့် ယာဉ် များ တိမ်းမှောက်ပျက်စီးကာ လူများစွာ သေကြေ ပျက်စီးခြင်း။
*  တရားမဝင် တင်သွင်းလာသော အရည်အသွေး၊ စံချိန်စံညွှန်းကိုက်ညီမှုမရှိသော ဆေးဝါးများကြောင့် လူများစွာ သေကြေပျက်စီးရခြင်း။
* အရည်အသွေး အာမခံချက်မရှိသော အလှကုန် ပစ္စည်းများကြောင့် မြန်မာ့အမျိုးသမီး များစွာ အလှ ပျက်သည့်အပြင် ဆိုးကျိုးများစွာ ကြုံတွေ့နေရခြင်း။
* ဆောက်လုပ်ရေးလုပ်ငန်း အချို့တွင်လည်း အခန်းများ၊ အထပ်မြင့်အခန်းများ ဆောက်လုပ် ရောင်းချရာတွင် ကြော်ငြာ၊ အာမခံထားသည့် ပစ္စည်းများသုံးမည့်အစား အခြား ဈေးပေါ၍ အရည် အသွေးမမီသော ပစ္စည်းများသုံးစွဲ၍ နစ်နာနေရခြင်း။
*  အရည်အသွေးမပြည့်ဝသော လျှပ်စစ်ပစ္စည်းများ ကြောင့် မီးဘေးအန္တရာယ်များဖြစ်ပွားကာ လူများ စွာ အိုးမဲ့အိမ်မဲ့ဖြစ်၍ သေကြေ ပျက်စီးခြင်း။
* တယ်လီဖုန်းများ ဝယ်ယူခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ရာတွင် ကြော်ငြာထားသည့် အတိုင်း၊ အာမခံထားသည့်အတိုင်း ဆောင်ရွက်ပေးမှုမရှိခြင်း။
* လူမှုမီဒီယာ နည်းလမ်းများကို အသုံးပြု၍ ကုန် ပစ္စည်းများ၊ အစုရှယ်ယာများအား လိမ်လည် ရောင်းချခြင်း။
           အဆိုပါ ထိခိုက်နစ်နာမှုများကို စားသုံးသူ များ ကြုံတွေ့နေရကြောင်း မီဒီယာများမှ မပြတ် ဖော်ပြလျက်ရှိသော်လည်း လက်လှမ်းမမီသော၊ ပညာအသိÓဏ်နည်းပါးသော စားသုံးသူများ ကြုံတွေ့နေရဆဲ ဖြစ်နေသည်ကို ဝမ်းနည်းဖွယ် ကြားသိ နေရသည်။ ထို့ကြောင့်ပင် စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ(၂၀၁၄) ကိုပြဋ္ဌာန်းကာ သက်ဆိုင်ရာ ဆက်စပ်ဌာန များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ  ၅၁ သန်းကျော်သော ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် လည်း ကောင်း၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေး အတွက် လည်းကောင်း အောက်ပါလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။
* တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်များတွင် စား သုံးသူ အငြင်းပွားမှု ဖြေရှင်းရေး လက်အောက်တွင် စားသုံးသူ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ် ငန်းကော်မတီနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ဆိုင်ရာလုပ်ငန်း ကော်မတီများကို ဖွဲ့စည်း၍ ဆောင် ရွက်ခြင်း။
* ထုတ်ကုန်များ လုံခြုံစိတ်ချရမှု မရှိသော လုပ် ငန်းများသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေး ကြပ်မတ်ခြင်း၊ အရေးယူ ဆောင် ရွက်ခြင်း။
* အာဆီယံနိုင်ငံများနှင့် သတင်း အချက်အလက် များ ဖလှယ်ကာ ပူးပေါင်း ဆောင်ရွက်ခြင်း။
        အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက်၊ တံဆိပ်အမှတ် အသား တွင် ဖော်ပြထားသည့် အချက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များ၊ ထုတ်လုပ်သည့် ရက်စွဲနှင့် နောက်ဆုံးသုံးစွဲရမည့်ရက်စွဲ အချ က်များ မပါaသာ ကုန်စည်များ၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် သုံးစွဲပုံ နည်းလမ်းများ မပါရှိသော ကုန်စည်၊ အဖွဲ့အစည်းတစ်ခုခု၏ ထောက်ခံချက်မပါရှိသော ကုန်စည်၊ဝန်ဆောင်မှုများ မပြုလုပ်ရန် တားြ မစ်ထားကြောင်း ပညာပေး ဟောပြောဆွေးနွေးခြင်း၊ ကွင်းဆင်း စစ်ဆေးပညာပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။ လုပ်ငန်းတစ်ခု တည်ထောင်ရန် လွန်စွာ ခက်ခဲသော်လည်း လုပ်ငန်းတစ်ခု ကျဆုံးရန်မှာ လွန်စွာလွယ်ကူ လှပေသည်။ မိမိ၏ ငွေအင်အား၊ လူအင်အား၊ အချိန်အင်အားများစွာဖြင့် တည် ဆောက်ခဲ့ရသော လုပ်ငန်းများကို ထုတ်ကုန်များ လုံခြုံစိတ်ချရမှုမရှိပါက ရေရှည် တိုးတက်သော၊ အောင်မြင်သော လုပ်ငန်း တစ်ရပ် အဖြစ် ရေရှည် ရပ်တည် နိုင်မည်မဟုတ်ပေ။ လုပ်ငန်း ရှင်သည် လည်း နာမည်တစ်ခုလုံး ဆုံးရှုံးခြင်း၊ ဂုဏ်သိက္ခာ ပျက်ယွင်းခြင်းများ ကြုံတွေ့ကာ စီးပွားရေးလောက တွင် နာလန်မထူနိုင်ဖြစ်မည်ကို စိုးရိမ်ပါသည်။ လုပ်ငန်းရှင်အ ပါအဝင် စားသုံးသူပါ မိမိနိုင်ငံသား များဖြစ်၍ နှစ်ဦးနှစ်ဖက် ဆုံးရှုံးနစ်နာမှုများ ဖြစ် မည်ကို မလိုလားပေ။ ယင်းသို့ မဖြစ်စေရေး လုပ်ငန်းရှင်များမှကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်း များ ဆောင်ရွက်ရာတွင် လုံခြုံစိတ်ချရမှုရှိပြီး ဘေး ဥပဒ်အန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချ ကြရန် မေတ္တာရပ်ခံအပ်ပါသည်။ သို့ပါ၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ထုတ်ကုန်၊ ဝန်ဆောင်မှုများ လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် စီးပွားရေး လုပ်ငန်းရှင် များမှ စီးပွားရေး ကျင့်ဝတ်များနှင့်အညီ မြန်မာ နိုင်ငံနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြဋ္ဌာန်းထားသော ထုတ်ပြန်ထားသော ဥပဒေလုပ်ထုံး၊ လုပ်နည်းညွှန်ကြားချက်များနှင့် အညီ လိုက် နာဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါသည်။

 

နိုင်ဦး ၊ မြင့်မြင့်ချို

Local Trade News

Pages