ကရင်ပြည်နယ်အတွင်း သစ်သီးဝလံနှင့် ပန်းမန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး

Tue, 12/05/2017 - 07:54 -- admin_ygn

      ကရင်ပြည်နယ်၊ ဘားအံမြို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးတွင် နိုဝင်ဘာလ ၂၃ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးအောင် ကြ ည်စိုး၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူနှင့် ကရင် ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ နှင့် အမှုဆောင်များသည် ကရင်ပြည်နယ်အတွင်း သစ်သီးဝလံနှင့် ပန်းမန် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် အထွေထွေအတွင်းရေးမှူး ဦးအောင် ကြည်စိုးက ယခုလက်ရှိ UMFCCI ၏ အနေအထားနှင့် ဆောင်ရွက်နေမှုများ၊ ပြောင်းလဲနေမှုများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများအရ မိမိ တို့ကုန်သည် အသင်းအဖွဲ့များ အနေဖြင့် ခေတ်စနစ်နှင့်အညီ ပေါင်းစပ်လိုက်ပါ ဆောင်ရွက်ရန် လိုအပ်မှုများအား အသေး စိတ်ရှင်းလင်းဆွေးနွေးပါသည်။ ယင်း နောက် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအသင်း အတွင်း ရေးမှူး ဦးကျော်သူက သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်နေမှု၊ စိုက်ပျိုးရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန များနှင့် ပေါင်းစပ်၍ပြည်ပပို့ကုန် တိုးတက်ရေးေ ဆာင်ရွက်နေမှုများ၊ ထိုင်း နိုင်ငံမှ ဟင်းသီးဟင်းရွက်များ မြဝတီ နယ်စပ်မှတစ်ဆင့် ဝင်ရောက်နေမှုများ၊ ဆောင်ရွက်သင့်သည်များ၊ ကရင်ပြည် နယ်အသင်း ဖွဲ့စည်းနိုင်ရေးဆောင်ရွက် သွားမည့်အခြေအနေများကို ဆွေးနွေး ပါသည်။
       ယင်းနောက် တက်ရောက်လာသူ များက မိမိတို့ပြည်နယ်အတွင်း စိုက်ပျိုး ထုတ်လုပ်နိုင်မည့် သီးနှံများနှင့် ပြည်ပ သို့ ပြန်လည်တင်ပို့နိုင်ရေး ကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်နိုင်မည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးေ ရး၊ နည်းပညာများ ပံ့ပိုးပေးရေးဆွေးနွေးကြ ပါသည်။ တင်ပြချက်များအပေါ် UMFCCI အထွေထွေအတွင်းရေးမှူးနှင့် သစ်သီး ဝလံအသင်းအတွင်းရေးမှူးတို့က နည်း ပညာနှင့် ဈေးကွက်ရရှိရေးချိတ်ဆက် ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ရင်းနှီးငွေရရှိရေး ကူညီပေးမည့်အစီ အစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

 
အေးအေးစိုး(ဘားအံ)

Local Trade News

Pages