အာရှခရီးသွားများ အွန်လိုင်းကို ကောင်းစွာ အသုံးပြုနိုင်ရန် စင်ကာပူတွင် ဆောင်ရွက်

Fri, 09/20/2019 - 06:37 -- admin_ygn

        Artificial Intelligence(AI) ဟု  ခေါ်သော နည်းပညာ တိုးတက်ရန်အတွက် စင်ကာပူနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများမှ အသီးအပွင့်များ ထွက်ပေါ်လာပြီဖြစ်ကြောင်း ချန်နယ်နယူးအေရှသတင်းတွင်ဖော်ပြသည်။ ဂျပန် ဘာသာ စကားကဲ့သို့သော အာရှဘာသာစကားများအတွက် ပိုမို တိကျသော ရှာဖွေရေးအစီအစဉ် (search engine) ကို ဖန်တီးနိုင်ရေးအတွက် ကမ္ဘာ့ခရီးသွားအေဂျင်စီကြီးဖြစ်သော Expedia Group နှင့် နည်းပညာကုမ္ပဏီ AI Singapore (AISG) တို့ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သတင်း တွင်ဖော်ပြသည်။ Expedia ကုမ္ပဏီ၏ အွန်လိုင်းအချက်အလက်များကို အာရှခရီးသွားများအွန်လိုင်းမှ ရှာဖွေနိုင်အောင် ပြောင်းလဲနိုင်ရေးအတွက် ကုမ္ပဏီ ကြီးနှစ်ခုက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၉ ရက်က ထုတ်ပြန် သည့် ပူးတွဲကြေညာချက်တွင်ဖော်ပြသည်။
     ကုမ္ပဏီက စီမံကိန်းအတွက် စင်ကာပူဒေါ်လာ ၁၈၀၀၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းနှင့် အေအိုင်အလုပ်သင် အစီအစဉ် ( AI Apprenticeship Programme) မှ အချိန်ပြည့်ဆရာများ၊ စီမံကိန်းမန်နေဂျာများနှင့် အလုပ်သင် များပါဝင်သော အဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးသွားမည်ဖြစ်ကြောင်း AISG မှ AI Industry Innovation ညွှန်ကြားရေးမှူး မစ္စတာလောရင့်လျူကပြောသည်။ လုပ်ငန်းများပြီးဆုံးပါက AISG ကဆောင်ရွက်ထားသော ငွေကြေး၊ ကုန် ပစ္စည်းနှင့် လူအင်အားစိုက်ထုတ်မှုအတွက် Expedia က ပေးချေသွားမည်ဖြစ် ကြောင်း ကုမ္ပဏီ၏ Product and Technology အကြီးတန်းညွှန်ကြားရေးမှူး ကယ်ဗင်အင်းက ပြောသည်။ မိမိတို့အွန်လိုင်းပလက်ဖောင်းများသည် အာရှ ဘာသာစကား အထူးသဖြင့်  ဂျပန်ဘာသာစကားပြောကြားသူ ဒေသခံများ အတွက် တိကျသော အဖြေများကိုအမြဲမပေးနိုင်ကြောင်း မစ္စတာအင်းကပြောသည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ရှာတွေ့သောရလဒ်များသည် ပြည့်စုံကောင်း မွန်သလောက်ဖြစ်သော်လည်း ဂျပန်ဘာသာစကားဖြင့် ရှာဖွေရရှိသောခရီး သည်များ၏ ရလဒ်များမှာ ထက်ဝက်မျှသာ ပြည့်စုံကောင်းမွန်ကြောင်း ၎င်းက ပြောသည်။ AISG သည် စင်ကာပူ၏ အေအိုင်စွမ်းဆောင် ရည် တိုးတက်ကောင်း မွန်စေရန်နှင့် နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး တိုးတက်ကောင်းမွန်စေရန် တည် ထောင်ထားသော အစီအစဉ်အတစ်ခုဖြစ်သည်။

 

စံမီအောင်

International Trade News

Pages