အရည်အသွေးနိမ့် တရုတ်သံမဏိစက် ဝင်ရောက်လာ၍ ပြည်တွင်းသံမဏိဈေးကွက်အား ထိခိုက်မည်ကို ထိုင်းလုပ်ငန်းရှင်များစိုးရိမ်

Wed, 02/08/2017 - 05:43 -- admin_ygn

          တရုတ်နိုင်ငံသည် သံမဏိဈေး ကွက်အတွင်း ဈေးနှုန်းများကျဆင်း နေမှုကို ကာကွယ်ရန်ရည်ရွယ်၍ သံမဏိ ထုတ်လုပ်မှုကို လျှော့ချရန်အတွက် သံမဏိစက်ရုံများကို စစ်ဆေးခဲ့သော ကြောင့်  တရုတ်ပြည်မှ အရည်အသွေး ညံ့သော သံမဏိစက်များ ဝင်ရောက်လာမည်ကို ထိုင်းလုပ်ငန်းရှင်များ အထူးစိုးရိမ်လျက်ရှိသည်။ တရုတ်နိုင်ငံတွင် နှစ်စဉ်သံမဏိ ထုတ်လုပ်မှု တန်ချိန်သန်း ၇၀၀ ရှိ ကြောင်း၊ ထုတ်လုပ်မှုကိုလျှော့ချ၍ ရောင်းလိုအားနှင့်ပြည်ပ တင် ပို့မှုကို ထိန်းညှိမည်ဖြစ်ကြောင်း၊ အရည်အသွေးနိမ့် သံမဏိထုတ်လုပ်မှု တန်ချိန် ၁၅၀ အထိ လျှော့ချမည်ဖြစ်ကြောင်း၊ သံမဏိအရောင်းများပြီး ဈေးနှုန်းကျဆင်းမှုကို ကာကွယ်ရန်အတွက် တရုတ်နိုင်ငံ၌ လွန်ခဲ့သည့် နှစ် အနည်း ငယ်ကတည်းက စံချိန်မမီ သော သံမဏိစက်ရုံများအား ပိတ်သိမ်း ခဲ့ကြောင်း၊ အရည်အသွေး မမီသော တရုတ် သံမဏိစက်များ အား ထိုင်းလုပ် ငန်းရှင်များသို့ ရောင်းချရန်အတွက် တရုတ်ကုမ္ပဏီများသည် နည်းလမ်း အမျိုးမျိုးဖြင့် ချိတ်ဆက်လျက် ရှိ ကြောင်းနှင့် အရည်အသွေးနိမ့်တရုတ် သံမဏိစက်များသည် လေထုညစ်ညမ်း မှုကို ပိုမို ဆိုးရွားစေသည့်အပြင် ထိုင်း သံမဏိလုပ်ငန်းများ၏ ပုံရိပ်ကိုလည်း ထိခိုက်ကျဆင်းစေမည်ဖြစ်ပါသည်။
         ထိုင်းနိုင်ငံတွင် အရည်အသွေး အာမခံချက်မရှိသော တရုတ် နိုင်ငံထုတ် သံမဏိစက်များကို အသုံးပြု ၍ အရည် အသွေးနိမ့်သံမဏိများကို ပိုမို ထုတ်လုပ် လာမည်ဆိုပါက နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို ဦးစားပေး၍ အကောင်အထည်ဖော်လျက်ရှိသည့် တိုင်းပြည်၏စတုတ္ထစက်မှုတော်လှန်ရေးThailand 4.0 နှင့် ဆန့်ကျင်နေပြီးကမ္ဘာ့ဈေးကွက်အတွင်း ထိုင်းသံမဏိ၏ ယှဉ်ပြိုင်မှုကိုပါကျဆင်းမည်ဖြစ်ပါသည်။ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် စတု တ္ထမြောက် သံမဏိအများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ)နှင့် ရုရှား နိုင်ငံတို့ အဓိကတင်သွင်းပါသည်။ ထိုင်း နိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် တရုတ် နိုင်ငံမှ သံမဏိတန်ချိန်ငါးသန်းကို တင် သွင်းခဲ့သည်။ အစိုးရ၏ အခြေခံ အဆောက် အအုံ စီမံကိန်းများကြောင့် ပြည်တွင်း သံမဏိသုံးစွဲမှုမြင့်တက် လာမည်ဖြစ်ရာ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် ပြည်တွင်း၌ ထုတ်လုပ်သည့်သံမဏိ အား ၅၀ ရာခိုင်နှုန်းအ ထိ အသုံးပြုရမည့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပေးမှသာလျှင် ပြည်တွင်း၌ ထုတ်လုပ်သည့် သံမဏိအား ပုံမှန်သုံးစွဲလျက်ရှိသည့် တန်ချိန် ၁၈ သန်းထက် မြင့်တက်လာပြီး ပြည်တွင်း သံမဏိထုတ်လုပ်မှုကဏ္ဍလည်း တိုးတက် လာမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages