ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား ယာဉ်ဖြတ်သန်းခနှုန်းထားများအတွက် ပို့ဆောင်ရေးဌာနက အဆိုပြုဈေးနှုန်းများ ထုတ်ပြန်ကြေညာ

Thu, 12/21/2017 - 05:13 -- admin_ygn

      ကွမ်တုန်းဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ တောင်းဆိုချက်အရ ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား ယာဉ်ဖြတ်သန်းခနှုန်း ထားများအတွက် ဈေးနှုန်းအဆိုပြုလွှာနှစ်ခုအား ပို့ဆောင်ရေးဌာနက ထုတ်ပြ န်ကြေညာခဲ့သည်။ ပထမအဆိုပြုလွှာတွင်  ကိုယ်ပိုင်ယာဉ်များနှင့် အငှားယာဉ်များအနေဖြင့် ခရီးစဉ်တစ်ခုလျှင် ဖြတ်သန်းခယွမ် ၁၅၀ ပေး ဆောင်ရမည်ဖြစ်ပြီး၊ ဘတ်စ်ကားများနှင့် နယ်စပ်ဖြတ်ကျော် Coaches များ မှာယွမ် ၄၅၀၊ ကုန်သေတ္တာယာဉ်များမှာ  ၁၁၅ယွမ်နှင့် ကုန်တင်ကားများ အနေဖြင့်ယွမ် ၆၀ ပေးဆောင်ရမည်ဖြစ်သည်။ ဒုတိယအဆိုပြုလွှာ၏ အများစုမှာပထမအဆိုပြုလွှာနှင့် အတူတူပင် ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် Coaches အနေဖြင့် ယွမ် ၂၀၀ ပေးဆောင်ရန်သတ်မှတ်ထားသည်။ အဆိုပြုလွှာများအတည်ပြုခြင်းအား ဒီဇင်ဘာလ ၂၁ရက်တွင် ကျူးဟိုင်၌ ပြုလုပ်သွားမည်ဖြစ်သည်။ ပင်မတံတားနှင့် တိုးဂိတ်မှာ တရုတ်ပြည်မကြီး၏ ရေပိုင်နက်အတွင်းတွင်တည် ရှိသည့်အတွက် ရေပိုင်နက်စည်းမျဉ်းအရနှင့်အစိုးရ သုံးခုမှလက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရ တရုတ်ပြည်မကြီး၏ တံတားအာဏာပိုင်များအနေဖြင့် ယာဉ်အားလုံးထံမှ လမ်းတံတားဖြတ်သန်းခအား ကောက်ခံမည် ဖြစ်သည်။
       ဟောင်ကောင်၊မကာအိုနှင့်တရုတ်ပြည်မကြီး၏အစိုးရများဆွေးနွေး ညှိနှိုင်းမှုပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် တရုတ်ပြည်မကြီး ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြတ်သန်းခများအား အတည်ပြုသွားမည်ဖြစ်သည်။ ဟော င်ကောင်-ကျူးဟိုင်-မကာအိုတံတားမှာ ၅၅ ကီလိုမီတာ ရှည်ပြီး ယွမ်ဘီလီယံ၁၁၀ကုန်ကျမည့် ပင်လယ်ဖြတ်ကျော် တံတားစီမံကိန်း တစ်ခုဖြစ်ပြီး ကြိုးတံတားသုံးခုနှင့် ပင်လယ်ရေအောက် ဥမင်လှိုဏ်ခေါင်း တစ်ခုပါဝင်သော ပု လဲမြစ်ဝှမ်းဒေသရှိ အဓိကမြို့ သုံးမြို့ဖြစ်သည့် ဟောင် ကောင်၊ မကာအိုနှင့် ကျူးဟိုင်မြို့တို့အား ဆက်သွယ်ထားသည့် ကမ္ဘာတွင် အရှည်ဆုံးတံတားဖြစ်သည်။ ပင်မတံတားမှာ ၂၂ ဒသမ ၉ ကီလိုမီတာရှည်ပြီး တရုတ်ပြည်မကြီး ၏ ရေပိုင်နက်တွင်တည်ရှိပြီး၊ ဟောင်ကောင်၊မကာအိုနှင့် တရုတ်ပြည်မ ကြီးကြား ခရီးသည်များနှင့် ကုန်းလမ်းကုန်စည်သယ်ယူပို့ဆောင်မှုလိုအပ် ချက်ပြည့်မီစေရန်နှင့် ဒေသသုံးခုအကြား စီးပွားရေးနှင့်ရေရှည်ဖွံ့ဖြိုး တိုးတက်မှု  တိုးမြှင့်ရန် တည်ဆောက်သောတံတား တစ်စင်းဖြစ်ပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့

International Trade News

Pages