သြစတြေးလျနိုင်ငံမှ တရုတ်နိုင်ငံသို့ အမဲသားတင်သွင်းမှု ယာယီရပ်ဆိုင်း

Wed, 06/10/2020 - 07:44 -- admin_ygn

သြစတြေးလျနိုင်ငံရှိ ကုမ္ပဏီလေးခုမှ တရုတ်နိုင်ငံသို့ တင်သွင်းခဲ့သည့် အမဲသားများသည် တရုတ်နှင့် သြစတြေးလျနိုင်ငံတို့အကြား သဘောတူညီခဲ့ပြီး ဖြစ်သည့် အမဲသားတင်သွင်းရာတွင် ကိုက်ညီရန် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုဆိုင်ရာ အချက်များနှင့် ကိုက်ညီခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိရ သည့်အတွက် အဆိုပါကုမ္ပဏီများမှ အမဲသားတင်သွင်းမှုကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian  က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် အပြန်အလှန်လေးစားမှုနှင့် သာတူညီမျှရှိမှုတို့အား အခြေခံ၍ ခင်မင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ အကောက်ခွန်အာဏာပိုင် အဖွဲ့သည် သြစတြေးလျ ကုမ္ပဏီများမှ တင်သွင်းခဲ့သည့် အမဲသားများအား စစ်ဆေးခဲ့ရာတွင် နှစ်နိုင်ငံအကြား သဘောတူညီပြီးဖြစ်သည့် စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီခြင်း မရှိသည်ကို စစ်ဆေး တွေ့ရှိခဲ့ရသည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံရှိ စားသုံးသူများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှု အပေါ် အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ အမဲသားတင်သွင်းမှုကို ဆိုင်းငံ့ ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သြစတြေးလျ အာဏာပိုင်များအား ဆုံးဖြတ်ချက်ကို အသိပေးထားပြီးဖြစ်ပြီး သြစတြေးလျ နိုင်ငံအနေဖြင့် ပြဿနာအား စုံစမ်းစစ်ဆေးမှုများ သေချာစွာ ဆောင်ရွက်ပြီး မှားယွင်းမှုများအား ပြင်ဆင်သွားရန် လိုအပ်သည်ဟု ဆက်လက်ပြောကြား ခဲ့သည်။

 

ရင်းမြစ်။ ၁၃-၅-၂၀၂၀ ရက်ထုတ်၊ China Daily သတင်းစာ
ရွှေစင်ကို၊ စီးပွားရေးသံမှူး၊ ပေကျင်း

International Trade News

Pages