ဝင်ငွေနည်းပါးသူများအား ထိုင်းအစိုးရက တစ်လလျှင် ဘတ် ၂၇၅၀ ထောက်ပံ့မည်

Tue, 08/08/2017 - 08:21 -- admin_ygn

     ထိုင်းအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ဝင်ငွေနည်းပါးသူများအား တစ်လလျှင်ဘတ် ၂၇၅၀ နှုန်းထောက်ပံ့ ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။ ယမန်နှစ်က သတ်မှတ်ချက်များ နှင့် ကိုက်ညီသော ဆင်းရဲနွမ်းပါးသူများ အား ဘတ် ၃၀၀၀ နှုန်းဖြင့် တစ်ကြိမ် ထောက်ပံ့ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ ဝင်ငွေနည်းပါးသော ပြည်သူများ ကိုထောက်ပံ့ကြေးပေးရန်အတွက် စုစု ပေါင်း  ဘတ်ဘီလီယံ ၄၀ ရရှိရေးကို ရှေ့လာမည့် သီတင်းပတ်အနည်းငယ် အတွင်းတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီ သောဆင်းရဲနွမ်းပါးသူများသည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁ရက်တွင် အစိုးရထောက်ပံ့ကြေးကို  စတင်ခံစားခွင့်ရရှိ ကြမည်ဖြစ်ကြောင်း၊ ယင်းထော က်ပံ့ ကြေးများကို သက်သေခံကတ်ပြား ရရှိထားသော ဆင်းရဲနွမ်းပါးသူများထံသို့ တိုက်ရိုက်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ အစိုးရထောက်ပံ့ကြေးတွင် မီးရထားခအတွက် ဘတ် ၆၀၀၊  မြို့တွင်းဘတ်စ် ကားခအတွက် ဘတ် ၁၀၀၀ နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အရောင်းဆိုင်များ (Blue Flag Shops) တွင် နေ့စဉ်လိုအပ်ချက်များကို ဝယ်ယူရန်အတွက် ဘတ် ၁၁၅၀ ဟူ၍ သတ်မှတ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန  ဝန်ကြီး Mr. Somchai Sujiapongse က ပြောကြားပါသည်။
      အစိုးရထောက်ပံ့ကြေး ခံစားခွင့် ရရှိသူများသည် လက်ခံရရှိသည့် ထောက်ပံ့ကြေးအားလုံးကို လစဉ်အပြီး အပြတ်သုံးစွဲရမည်ဖြစ်ပြီး နောက်လများအတွက် စုဆောင်းခွင့်မရှိကြောင်း၊ အစိုးရမှထုတ်ပေးသည့် တရားဝင် ကတ်ြ ပားရှိသည့် ဆင်းရဲနွမ်းပါးသူများ အားတစ်ဦးလျှင် စုစုပေါင်းဘတ် ၂၇၅၀ နှုန်းကို လစဉ်ထောက်ပံ့ပေးမည်ဖြစ် ကြောင်း သိရှိရပါသည်။ တစ်နှစ်လျှင် စုစုပေါင်းဝင်ငွေ ဘတ်တစ်သိန်းအောက် ရရှိသူများကို ဝင်ငွေနည်းပါးသူများအြ ဖစ် ထိုင်းအစိုးရက သတ်မှတ်ထားကြောင်း တွေ့ရှိရပါသည်။ ထိုင်းအစိုးရသည် ဆင်းရဲနွမ်းပါး သူ သို့မဟုတ် တစ်နှစ်လျှင်  ဝင်ငွေစုစု ပေါင်း ဘတ် ၃၀၀၀၀ အောက် ရရှိသူများ ကို ပိုမိုထောက်ပံ့ပေးမည်ဖြစ် ပြီးဆင်းရဲ နွမ်းပါးသူ စုစုပေါင်း လေးသန်းအကျုံးဝင်မည်ဖြစ်သည်။ ထို့အပြင် ထိုင်းအစိုးရသည် ဆင်းရဲနွမ်းပါးသူများအတွက် လေ့ကျင့်သင်တန်းများပေးရန် စီစဉ် ထားကြောင်းနှင့် ၎င်းတို့၏လစဉ်ဝင်ငွေ အခြေအနေကိုလည်း စိစစ်အကဲဖြတ်မည်ဖြစ်ေ ကြာင်း သိရှိရပါသည်။ လစဉ်ဝင်ငွေ တိုးတက်လာသည့်ဆင်းရဲနွမ်းပါးသူများသည်  အစိုးရထောက်ပံ့ကြေးကို ခံစားခွင့်ရှိမည်မဟုတ်ကြောင်း၊  အစိုးရ ၏ဆင်းရဲနွမ်းပါးမှုထောက်ပံ့ရေး အစီအစဉ်ကို  လာရောက်မှတ်ပုံတင်ထားသူ စုစုပေါင်း ၁၄ သန်းရှိကြောင်း တွေ့ရှိရ ပါသည်။
       လွန်ခဲ့သောနှစ်များအတွင်း ထိုင်း အစိုးရသည် ဆင်းရဲနွမ်းပါးမှုထောက်ပံ့ ရေးအစီအစဉ်များအတွက် ဘတ်ဂျက်အသုံးစရိတ်ကို တိုးမြှင့်ခဲ့ကြောင်း၊ မသန်စွမ်းသူများအတွက် နှစ်စဉ်ဘတ် နှစ်ဘီလီယံကို သုံးစွဲခဲ့ကြောင်း၊ ၎င်း တို့ ၏  လစဉ်ဝင်ငွေသည် ၂၀၁၅ ခုနှစ် ကတည်းက ဘတ် ၅၀၀ မှ ဘတ် ၈၀၀ သို့ မြှင့်တင်ပေးခဲ့ကြောင်း၊ နှစ်စဉ်ဝင် ငွေ ဘတ်တစ်သိန်းအောက်ရရှိသည့် ဆင်းရဲနွမ်းပါးသူ စုစုပေါင်း နှစ်သန်း အားယခင်အစိုးရအဖွဲ့သည် တစ် ဦး လျှင် လစဉ်ထောက်ပံ့ကြေးဘတ် ၆၀၀ မှ ဘတ် ၈၀၀ အထိပေးအပ်ခဲ့ပြီး ယခုအစိုးရလက်ထက်တွင် ဘတ် ၁၂၀၀ မှ ဘတ် ၁၅၀၀ အထိ ထောက်ပံ့ပေးထား ကြောင်းနှင့် သက်ကြီးရွယ်အိုထောက်ပံ့ ရေးအတွက် နှစ်စဉ်ဘတ် ဘီလီယံ ၈၀ ကိုလည်း သုံးစွဲခဲ့ကြောင်း တွေ့ရှိရပါ သည်။

 

ကျော်သူူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages