ရောင်းလိုအားမြင့်တက်မှုကြောင့် အိန္ဒိယဆန်ပို့ကုန်စျေးသုံးနှစ်အတွင်း အနိမ့်ဆုံးသို့ရောက်

Fri, 11/29/2019 - 09:55 -- admin_ygn

     အိန္ဒိယဆန်ပို့ကုန်ဈေးနှုန်းက ယခုသီတင်းပတ်တွင် သုံးနှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ရိုက်တာ သတင်းတွင်ဖော်ပြသည်။ ကမ္ဘာ့ဝယ်လိုအား ကျဆင်းမှုကြောင့် အဓိကပို့ကုန်စင်တာများမှ ဆန်တင်ပို့မှုကျဆင်းနေချိန်တွင် နွေ စိုက်ဆန်စပါး ကလည်း အလျှံပယ်ထွက်ရှိခဲ့သဖြင့် ယခုကဲ့သို့ ကျဆင်းရခြင်းဖြစ်သည်။ အိန္ဒိယ ၅ မှတ်ဆန် အမျိုးအစား၏ ယခု သီတင်းပတ်ဈေးနှုန်းမှာ  တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၅၈-၃၆၂ ဒေါ်လာနှုန်း  ရှိခဲ့ သည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီနောက် ပိုင်း အနိမ့်ဆုံးဖြစ်သကဲ့သို့ ယခင်သီတင်းပတ်က ရှိခဲ့သော   တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၆၃- ၃၆၈ ဈေးနှုန်းအောက်သို့လည်း ကျဆင်း ခဲ့သည်။

       ]ပို့ကုန်ဝယ်လိုအားက မရှိပါဘူး။ ကောက် သစ်တွေက တောင်ပိုင်းပြည်နယ်တွေမှာ စပေါ် နေပြီး နောက်လမှာ ထပ်တိုးပြီးပေါ်လာမယ်လို့ ခန့်မှန်းရပါတယ်}ဟု  တောင်ပိုင်းပြည်နယ် အန္ဒရာပရာဒေ့ရှ်ပြည်နယ်   အခြေစိုက် ပို့ကုန် လုပ်ငန်းရှင်တစ်ဦးကပြောသည်။ ပို့ကုန်ဝယ်လိုအား   ကျဆင်းနေသည့် အတွက် ဆန်ဈေးနှုန်းများက အစိုးရသတ်မှတ် ထားသော ၁၀ဝ ကီလိုဂရမ်ကို  ၁၈၃၅ ရူပီးနှုန်း အောက် လက်ငင်းဈေးကွက် အတော်များများ တွင် ကျဆင်းလျက်ရှိသည်။ ဆိုင်ကလုန်း ဘူးလ်ဘူက ယခုလအတွင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ်များနှင့် အိမ်နီး ချင်းဖြစ်သော ဘင်္ဂလားဒေ့ရှ်တို့တွင် တိုက်ခတ် ခဲ့သဖြင့် စပါးများပျက်စီးသဖြင့် ဖြန့်ဖြူးမှုနှောင့် နှေးခဲ့ရသည်။

      သီးနှံအထွက်ကောင်းပြီး လုံလုံလောက် လောက် သိုလှောင်ထားရှိသော်လည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ်အနည်း ငယ်က ဆန်ဈေးများမြင့်တက်ခဲ့သည်။ ဆန်ဈေး မြင့်တက်ရခြင်းမှာ ဝိသမလောဘသမား ကုန် သည်တို့ကြောင့်ဖြစ်ကြောင်းနှင့် ဈေးကစားသူ များကို   ထိရောက်စွာ အရေးယူခဲ့ရကြောင်း စားနပ်ရိက္ခာဝန်ကြီးက ပြောသည်။ ဗီယက်နမ်နိုင်ငံတွင်လည်း  ၅ မှတ်ဆန် ဈေးက  မြင့်တက်လာပြီး  တစ်တန်ကို အမေ ရိကန်ဒေါ်လာ ၄၅-၃၅၀ အထိ ရောက်ရှိခဲ့သည်။ ဝယ်လိုအား ကျဆင်းနေဆဲဖြစ်ပြီးယခုအချိန် အထိ စာချုပ်ချုပ်ဆိုရခြင်း  မရှိသေးကြောင်း ဟိုချီမင်းစီးတီးမှ ကုန်သည်တစ်ဦးကပြောသည်။

 

စံမီအောင်

International Trade News

Pages