မြန်မာနိုင်ငံအပါအဝင် One Belt, One Road တစ်လျှောက်နိုင်ငံများရှိ စီမံကိန်းများ၌ ဟောင်ကောင်၏ ထိပ်တန်းလုပ်ငန်းများ အကျိုးအမြတ်ရရှိမည်

Wed, 02/08/2017 - 05:54 -- admin_ygn

      ဟောင်ကောင်တွင် စာရင်းဝင်ထားသော ကုမ္ပဏီများ၏ ပထမ အသုတ်ကုမ္ပဏီများအနက် စွမ်းအင်ရောင်းချသည့် Power supplier CLP Holdings နှင့် မီးရထားလမ်းလုပ်ငန်း MTR Corp ထိပ်တန်းလုပ်ငန်းများမှာ မြန် မာနိုင်ငံ အပါ အဝင် One Belt, One Road တစ်လျှောက်နိုင်ငံများရှိ စီမံကိန်းများမှ အကျိုးအမြတ်များအား ရရှိနိုင်မည်ဖြစ်သည်။ CLP Holdings ကုမ္ပဏီသည် အိန္ဒိယနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ပေးစက်ရုံများနှင့် ဗီယက် နမ်နိုင်ငံတွင် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများအတွင်း တရုတ်ပြည်မကြီးမှ ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီနှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နံှမှု များစွာ ပြုလုပ်ပြီးဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာက (၁၀) ကြိမ်မြောက် အာရှဘဏ္ဍာေ ရးဖိုရမ်တွင် ပြောကြားခဲ့သည်။
       တရုတ်အစိုးရက ၂၀၁၃ တွင် စတင်ခဲ့သော Belt & Road စီမံကိန်း သည် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများ၊ အာရှနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့ရှိနိုင်ငံပေါင်း ၆၀ ကျော်သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွ ယ်ရေးစီးဆင်းမှု မြှင့်တင်နိုင်စေရန်အတွက် မီးရထားလမ်းများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များ၊ လမ်းများနှင့် အခြားအခြေခံအဆောက်အအုံ စီမံကိန်းများ ဆောက်လုပ်ရန်ရည်ရွယ်ခြင်းဖြစ်ပြီး ၎င်းဈေးကွက်များမှာ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးအတွက် ဈေးသက်သာသည့် စွမ်းအင်များလိုအပ် လျက်ရှိကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်း စွမ်းအင်လုပ်ငန်းများတွင် များစွာ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအခြေအနေမှာ Belt & Road စီမံ ကိန်းများတွင် MTR ကဲ့သို့ ဟောင်ကောင်၏ ကုမ္ပဏီများနှင့် များစွာဆက်နွယ်နေကြောင်း၊ ဟောင်ကောင်တွင် လေဆိပ်များ၊ ဆိပ်ကမ်းများ ဆောက်လုပ်ခြင်း၌ ကျွမ်းကျင်သောကုမ္ပဏီများစွာရှိသည့်အပြင် Belt & Road နိုင်ငံများ တွင် လိုအပ် သော ကုန်စည်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ကမ်းလှမ်းပေးနိုင်သော လုပ်ငန်းများစွာရှိကြောင်း၊  Belt & Road  စီမံချက်တွင် Green bonds အပါအဝင် ရန်ပုံငွေအမြောက်အများ လိုအပ်မည်ဖြစ်ကြောင်း၊ ယမန်နှစ်တွင် Green bonds များ အမေရိကန်ဒေါ်လာသန်း  ၆၀၀ တန်ဖိုးကမြှင့်တင်ခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း MTR ဥက္ကဋ္ဌ ဖြစ်သူ Ma ကပြောကြားခဲ့ပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့

International Trade News

Pages