ပဲလိုအပ်ချက်ပြည့်မီနိုင်ရေးအတွက် BRICS အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းမှုရရှိရန် အိန္ဒိယကြိုးစားနေ

Thu, 10/20/2016 - 07:36 -- admin_ygn

          အိန္ဒိယနိုင်ငံသည် နှစ်နှစ်ဆက် တိုက် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံထုတ် လုပ်နိုင်မှုလျော့နည်းခြင်းနှင့်တွေ့ကြုံ ခဲ့ရာ ပြည်တွင်းပဲလိုအပ်ချက်ပြည့်မီရန် အတွက် ယခုအခါ BRICS အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းမှုရရှိရန် ကြိုးစားေ နကြောင်း၊ ပိုလျှံနေသောမြေယာများ အား ငှားရမ်းခြင်း၊ Contract Farming စနစ်ကဲ့သို့သော နည်းစနစ်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပုံမှန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်ခြင်း တို့ ဆောင်ရွက်ခြင်းအားဖြင့် အြ ခားသော BRICS အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေးအခွင့်အလမ်းများကိုလည်း ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်ကြောင်း၊ BRICS အဖွဲ့ဝင်နိုင်ငံများသည် စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုတွင် ထိရောက်လုံလောက်သည့် ပူးပေါင်းဆောင် ရွက် မှုများ ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံသည် လည်း စိုက်ပျိုးရေးကဏ္ဍတွင် အစိုးရ ရင်းနှီးမြှုပ်နှံမှုများသာမက ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကိုပါ တိုက် တွန်းအားပေးလျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီး ရာထာမိုဟန်ဆင်းက ပြောကြား ထားကြောင်း သိရပါသည်။
           အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံနှင့်ဆီ ထွက်သီးနှံများ၏ ဝယ်လိုအားနှင့် ရောင်းလိုအားတို့အကြား ကြီးမားသည့် ကွာဟချက်ရှိနေကြောင်း၊ သို့ဖြစ်၍ ပြည်ပမှတင်သွင်းမှုအပေါ်တွင် များစွာ မှီခိုမှုပြုနေရကြောင်း၊ ပဲမျိုးစုံအထွက် ကွာ ဟချက်ကြီးမားနေရခြင်းမှာ နိုင်ငံအတွင်း ပြီးခဲ့သည့်နှစ်နှစ်တွင် မိုးခေါင်ရေရှားမှုကြောင့် ထုတ်လုပ်မှုကျဆင်းခဲ့သည့်အတွက် ဖြစ်ကြောင်း၊ သို့ဖြစ်၍ လက်လီဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် ပြည်တွင်း လိုအပ် ချ က်ပြည့်မီနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အိန္ဒိယအစိုးရသည် နိုင်ငံပိုင်လုပ်ငန်း ဖြစ်သည့် MMTC မှတစ်ဆင့် အရန်ပဲ များ စတင်ဝယ်ယူတင်သွင်းလျက်ရှိ ကြောင်း၊ မိုဇမ်ဘစ်နိုင်ငံမှ ပဲနီလေးဝယ် ယူရန် ကာလရှည်သဘောတူညီချက် ရယူဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမျှ သာမက အစိုးရအနေဖြင့် ပြည်တွင်း ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်အတွက် အနိမ့်ဆုံးအထောက်အကူပြု ဈေးနှုန်း (MSP) ကိုလည်း  တိုးမြှင့်ပေးခဲ့ပြီးဖြစ် ကြောင်း၊ ပြည်တွင်းမှဝယ်ယူခြင်းနှင့် ပြည်ပမှတင်သွင်းခြင်းတို့ဖြင့် အရန်ပဲ တန်ချိန်နှစ်သန်းထားရှိ ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။
           အိန္ဒိယနိုင်ငံတွင် နှစ်နှစ်ဆက်တိုက် မိုးခေါင်ရေရှားခဲ့ပြီး၊ ယခုနှစ် ၂၀၁၆-၁၇ သီးနှံရာသီ(ဇူလိုင်-ဇွန်) တွင် ရာသီဥတုကောင်းမွန်ခဲ့သည့်အတွက် နိုင်ငံ၏ပဲထုတ်လုပ်နိုင်မှု ပမာဏကို တန်ချိန်သန်း ၂၀ခန့်သို့ တိုးမြင့်လာနိုင် သည်ဟု ခန့်မှန်းထား ကြောင်း၊ သို့ရာတွင် ထုတ်လုပ်မှုပမာဏ မှာ ပြည်တွင်းလိုအပ်ချက်ပမာဏဖြစ် သည့် တန်ချိန် ၂၃-၂၄ သန်းအောက် နည်းနေသေးသည့် အနေအထားတွင် ရှိနေသေးကြောင်း ၂၀၁၄-၁၅ သီးနှံရာ သီတွင် ထုတ်လုပ်မှုတန်ချိန် ၁၇ ဒသမ ၁၅ သန်းရှိခဲ့သော်လည်း ၂၀၁၅-၁၆ သီးနံှရာသီတွင် တန်ချိန် ၁၆ ဒသမ ၄၇ သန်းသို့ ကျဆင်းခဲ့ကြောင်း သိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages