နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်တွင် နယ်စပ်ဈေးများ ပိုမိုဖွင့်လှစ်ဖွယ်ရှိ

Wed, 04/05/2017 - 08:20 -- admin_ygn

        အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံအကြားရှိ နယ်စပ်ဈေး (Border haats) များမှာ လုပ်ငန်းများကောင်းမွန်စွာ လည်ပတ်လျက်ရှိရာ အိန္ဒိယအစိုးရအနေ ဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသများ၌ကုန်သွယ်မှုပိုမိုတိုးတက်အဆင်ပြေ ချော မွေ့ေ စရေးအတွက် ယင်းကဲ့သို့ ဈေးများကို ထပ်မံဖွင့်လှစ်ရန် ကြိုးပမ်းလျက် ရှိသည်ဟု အိန္ဒိယနိုင်ငံ Central Board of Excise and Customs (CBEC) ၏ ဥက္ကဋ္ဌဖြစ်သူ   နာဂျစ်ရှားက မတ်လ ၈ ရက်က ပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။
         အိန္ဒိယနိုင်ငံသည် ၎င်း၏တည်နေရာအနေအထားအရ အိမ်နီးချင်း နိုင်ငံများစွာရှိရာ မြန်မာနိုင်ငံနှင့်အိန္ဒိယ အရှေ့မြောက်ဒေသတို့အကြား အလွတ်သဘောကုန်သွယ်မှု (Informal Trade) များဖြင့် ကောင်းစွာလည်ပတ်ေ ဆာင်ရွက်နေကြကြောင်း၊ ထိုသို့အရောင်းအဝယ်ပြုလုပ်ရာ၌ အဆိုပါ ဒေသများရှိ ထွက်ကုန်များကိုသာ အချင်းချင်းရောင်းချစေလိုပြီး အခြားဒေသမှ ထွက်ကုန်များ မဝင်ရောက်စေ လိုသည့်အတွက်  ကုန်သွယ်မှုတန်ဖိုး ကန့်သတ် ထားခြင်းများရှိကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် နှစ်နိုင်ငံနယ်စပ် ရှိ အခြားသောဒေသများတွင်လည်း ဒေသထွက်ကုန်များကို အလွတ်သဘောအရောင်းအဝယ်ပြုလုပ်နိုင်မည့်  နယ်စပ်ဈေးများ ထပ်မံဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေေ ကြာင်း၊ သို့ရာတွင် ၎င်းကိစ္စနှင့်စပ်လျဉ်း၍ ယခုအချိန်အထိ တစ်စုံတစ်ရာအခိုင်အမာ ပြောကြားနိုင်ခြင်းမရှိသေးဘဲ၊ ဆွေးနွေးဆဲ ဖြစ်ကြောင်း နာဂျစ်ရှားက ပြောကြားခဲ့ပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages