ထိုင်းဆန်တင်ပို့မှု ဖေဖော်ဝါရီလတွင် ကျဆင်းခဲ့

Thu, 05/09/2019 - 06:33 -- admin_ygn

          ထိုင်းဆန်ဈေးနှုန်းသည် ဗီယက် နမ်ကဲ့သို့  အဓိကပြိုင်ဘက်နိုင်ငံများ၏ဆန်ဈေးနှုန်းများထက် မြင့်မားခဲ့သော် လည်း  ထိုင်းဆန်တင်ပို့မှုသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တင်ပို့မှုပမာဏ ကျဆင်းခဲ့ရသည်။ ထို့အတူ ထိုင်းနိုင်ငံ ၏ ပြည်တွင်းသုံးငွေတန်ဖိုး ကျဆင်းမှု နှင့်အတူ ဆန်တင်ပို့ခြင်းမှ  ရရှိသော ဝင်ငွေသည်လည်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဆန်တန်ချိန် ၆၈၇၅၆၀ ကိုပြည်ပသို့ တင်ပို့ခဲ့ရာ ယမန်နှစ်အလားတူ ကာလထက် ၂၇ ဒသမ ၇ ရာခိုင်နှုန်းကျ ဆင်း ခဲ့ပြီး ဝင်ငွေသည်လည်း  ဘတ် ၁၁ ဒသမ ၆၉ ဘီလီယံသာ  ရရှိခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် ၂၃ ဒသမ ၅ ရာခိုင် နှုန်းကျဆင်းခဲ့ကြောင်း၊ ဇန်နဝါရီလမှ စတင်၍ ဆန်အမျိုးအစားအားလုံးတင် ပို့မှုကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊  အထူး သဖြင့် ဖေဖော်ဝါရီလတွင် ဆန်ဖြူ တန် ချိန် ၃၂၆၀၂၉ ကို   တင်ပို့နိုင်ခဲ့သဖြင့် ဇန်နဝါရီလထက် ၄၀ ဒသမ ၇ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း၊ ယင်း ကာလ အတွင်း ပေါင်းဆန်တန်ချိန် ၁၉၄၉၀၂ ကို  တင်ပို့နိုင်ခဲ့ပြီး ၁၃ ဒသမ ၈ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း၏ ဥက္ကဋ္ဌ Mr. Charoen Laothammatas က ပြော ကြားခဲ့သည်။
           ဗီယက် နမ် ဆန်ဈေးနှုန်းသည် ထိုင်းဆန်ဈေးနှုန်းထက်   အမေရိကန် ဒေါ်လာ ၄၀-၅၀ နိမ့်ကျသဖြင့် ဖိလစ် ပိုင်နှင့် မလေးရှားနိုင်ငံများမှ ဝယ်ယူမှု မြင့်တက်ခဲ့သည်။ မတ် ၂၇ ရက်တွင် ထိုင်းဆန်ဖြူ ၅မှတ် ဈေးနှုန်း သည် တစ် တန်လျှင်ဒေါ်လာ ၄၁၁ ရှိသော်လည်း ဗီယက်နမ်ဆန်ဈေးနှုန်းသည် ဒေါ်လာ ၃၅၈-၃၆၂၊ အိန္ဒိယဆန်ဈေးနှုန်းသည် ဒေါ်လာ ၃၇၃-၃၇၇ နှင့် ပါကစ္စတန် ဆန်ဈေးနှုန်းသည်   ဒေါ်လာ ၃၅၀-၃၅၄ အသီးသီးရှိခဲ့သည်။
ဖေဖော်ဝါရီလတွင် ဆန်တင်ပို့မှု ကျဆင်းခဲ့သော်လည်း လာမည့်မတ်လ တွင် ပြန်လည်မြင့်တက်လာပြီး  ဆန် တန်ချိန်  ၇၀၀၀၀၀-၈၀၀၀၀၀ တင်ပို့ နိုင်ရန် မျှော်မှန်းထားကြောင်း၊ ဘီနင်၊ တောင်အာဖရိက၊ ကင်မရွန်း၊ တရုတ် ဖိလစ်ပိုင် စသည့် အာဖရိကတိုက်နှင့် အာရှတိုက်ရှိ    ထိုင်းဆန်ကိုအဓိက တင်သွင်းနေသည့် နိုင်ငံများမှ ထိုင်း ဆန်ဖြူနှင့် ပေါင်းဆန်အမျိုးအစားများ ကိုဝယ်ယူရန်   အမှာစာများရရှိထား ကြောင်း၊ ဟုမ်မလိဆန်အတွက် အမေ ရိကန်နှင့် ကနေဒါနိုင်ငံများမှ ဝယ်ယူမှု မြင့်တက်လျက်ရှိကြောင်း၊ ထိုင်းဆန်လုပ်ငန်းရှင်များအနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန်စုစုပေါင်း ၉ ဒသမ ၅ သန်း တင်ပို့နိုင်ရန် မျှော်မှန်းသော်လည်း မိုးခေါင်ခြောက်သွေ့မှု ဖြစ်စဉ်အပေါ် တွင်လည်း မူတည်ကြောင်း ဥက္ကဋ္ဌ Mr. Charoen က ပြောကြားခဲ့ပါသည်။
         ထိုင်းနိုင်ငံသည် ၂၀၁၆ ခုနှစ် တွင် ဆန်တန်ချိန်  စုစုပေါင်း၉ ဒသမ ၉၁သန်းတင်ပို့၍  ဝင်ငွေ ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံကို   လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင်  ၁၁ ဒသမ  ၆၇သန်း တင်ပို့၍ ဝင်ငွေဒေါ်လာ ၅ ဒသမ ၁၈ ဘီလီယံကို  လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ၁၁ ဒသမ ၀၉ သန်း တင်ပို့၍ ဝင်ငွေဒေါ်လာ ၅ ဒသမ ၆၁ ဘီလီယံကိုလည်းကောင်းအသီးသီးရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်ဆန်ဖြူတန်ချိန် ၄ ဒသမ ၈ သန်း၊ ပေါင်းဆန်တန်ချိန် ၂ ဒသမ ၄ သန်း၊ ဟုမ်မလိဆန်တန်ချိန် ၁ ဒသမ ၃ သန်း၊  အထွေထွေဆန်မွှေး တန်ချိန် သုည ဒသမ ၆ သန်းနှင့် ကောက်ညင်းဆန်တန်ချိန် သုည ဒသမ ၄ သန်း အသီးသီးတင်ပို့နိုင်ရန် ထိုင်း နိုင်ငံဆန်တင်ပို့သူများအသင်းမှ မျှော် မှန်းထားသည်။ အစိုးရဆန်လက်ကျန် တန်ချိန် ၂၀၀၀၀ အား သက်ဆိုင်ရာဌာ အနေ ဖြင့် ယခုနှစ် မေလတွင် အပြီးသတ် ရောင်းချရန် မတ် ၂၉ ရက်တွင် ကျင်းပ ခဲ့သည့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက  ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော အမျိုးသားဆန်မူဝါဒရေးရာကော်မတီ (national rice policy committee)၏ အစည်းအဝေးတွင် ညွှန်ကြားခဲ့ပါ သည်။ ရောင်းချ၍မရသော  အဆိုပါ ဆန်လက်ကျန်အများစုသည် Correction Department နှင့် ဆန်လေလံအနိုင် ရထားသူများမှ မဝယ်ယူလိုသော ဆန် များ ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ သက် ဆိုင်ရာဌာနအနေဖြင့် ယခင်ဝန်ကြီး ချုပ်ဟောင်း ရင်လတ်ရှင်နာဝပ်ထရာ အစိုးရအား တရားစွဲဆိုနိုင်ရေးကို အမြန်ဆုံးေ ဆာင်ရွက်ရန် ဒုတိယ ဝန်ကြီးချုပ်ချတ်ချိုင်းသီရိကူယနှင့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့က လမ်းညွှန်ခဲ့ကြောင်းသိရှိရသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages