ဈေးကွက်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် တောင်ကိုရီးယားနိုင်ငံအတွင်း ပိုလျှံနေသည့် ဆန်များကို အစိုးရက ပြန်လည် ဝယ်ယူမည်

Thu, 11/10/2016 - 08:47 -- admin_ygn

       တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် ကာလကြာရှည်စွာ ပိုလျှံနေသည့် အဓိကအစားအစာတစ်ခုဖြစ်သည့် ဆန်များအားလုံးကို ဝယ်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ သ ည်။ ယခုနှစ်တွင် ခန့်မှန်းဆန် တန်ချိန် ၄ ဒသမ ၂ သန်း ပိုလျှံနိုင်သည်ဟု သုံးသပ်ထားရာ လိုအပ်ချက်ဖြစ်သည့် တန်ချိန် ၃ ဒသမ ၉ သန်းထက် ကျော်လွန်သွားမည်ဖြစ်သော ေ ကြာင့် စားသုံးမှုထက် ဆန်တန်ချိန်စုစုပေါင်း သုံးသိန်းခန့် ပိုလျှံနိုင်ကြောင်း စိုက်ပျိုးရေး၊ အစားအစာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ခန့်မှန်းခဲ့သည်။ အစိုးရအနေဖြင့် ယခုနှ စ် ကုန်မတိုင်မီ ဈေးကွက်အတွင်းမှ စုစုပေါင်းဆန်ပိုလျှံမှုကို ထိန်းထားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပိုလျှံဆန်များ ဝယ်ယူမည့်ပမာဏကို လာမည့်နိုဝင်ဘာလတွင် အစိုးရ က အတည်ပြု ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
       တောင်ကိုရီးယားလူဦးရေ၏ နှစ်စဉ်ဆန်စားသုံးမှု သည် နိုင်ငံအတွင်း စားသုံးမှုအလေ့အထများ ပြောင်းလဲလာမှု နှင့် စားသောက်မှုပုံစံများ ပြောင်းလဲလာမှုတို့ကြောင့် ဆယ် စု နှစ်တစ်စုကြာကာလအတွင်း သိသာထင်ရှားစွာ ကျဆင်းခဲ့ သည်ကို တွေ့ရှိရသည်။ ၂၀၁၅ ခုနှစ်တွင် တစ်ဦးချင်းဆန် စားသုံးမှုသည် ၆၂ ဒသမ ၉ ကီလိုဂရမ်ရှိခဲ့ရာ ၁၉၈၅ ခုနှစ်က  ရှိခဲ့သောတစ်ဦးချင်းစားသုံးမှု ၁၂၈ ဒသမ ၁ ကီလိုဂရမ်နှင့် နှိုင်းယှဉ်ပါက စားသုံးမှုထက်ဝက်ခန့်ကျဆင်းခဲ့ကြောင်း ကိုရီးယားစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် ကိန်း ဂဏန်း များအရ သိရှိရသည်။
         ဆန်ထုတ်လုပ်မှုလုပ်ငန်းများမှ ဩဂုတ်တွင်ဆန်တန်ချိန် ၁ ဒသမ ၇၅ သန်းထုတ်လုပ်နိုင်ခဲ့ပြီး စပါးစိုက်တောင်သူများ ကို ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်နှင့် ပိုလျှံဆန် များကို ဝယ်ယူခြင်းအတွက် နှစ်ပေါင်း ၂၀ ကာလအတွင်း ဝမ် ၁၆၅၀ဝ၀ ခန့်သာ အသုံးပြုခဲ့ရာမှ ယခုအခါ အစိုးရအနေဖြင့် ဆန်ဈေးနှုန်းကို ထိန်းညှိထောက်ပံ့ရေး လုပ်ငန်း များ ဆောင်ရွက်နိုင်ရန် ဝမ်သုံးထရီလီယံထက် ပိုမိုအသုံးပြုသွားမည်ဖြစ် သည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages