စားသောက်ကုန်ထုတ်လုပ်သည့်SC ကုမ္ပဏီက CLMV နိုင်ငံများ၌ လုပ်ငန်းတိုးချဲ့မည်

Wed, 12/27/2017 - 06:34 -- admin_ygn

         ထိုင်းနိုင်ငံ Tiffy အမှတ်တံဆိပ်ဖြင့် ဆေးဝါးများထုတ် လုပ်သည့် Thai NakornPatana ကုမ္ပဏီနှင့်  အဆာပြေမုန့် အမျိုးမျိုးထုတ်လုပ်သည့်  Srinanaporn Marketing ကုမ္ပဏီတို့  ပူးပေါင်း၍ ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီး ယားနိုင်ငံနှင့် ဗီယက် နမ်နိုင်ငံတို့၌ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများကိုတိုးချဲ့မည်ဖြစ်ပါသည်။ SC ကုမ္ပဏီ(SC Food Product Co., Ltd.) သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စသည့် CLMV  နိုင်ငံများ တွင် လုပ်ငန်းတိုးချဲ့ရန်အတွက် ဘတ်သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပါသည်။ SC ကုမ္ပဏီသည် အစုစပ်လုပ်ငန်းတစ်ခု ဖြစ်ပြီး Srinanaporn Marketing ကုမ္ပဏီက ၆၀ ရာခိုင်နှုန်းနှင့် Thai Nakorn Panata ကုမ္ပဏီက ၄၀ ရာ ခိုင်နှုန်းဖြင့် အစုရှယ်ယာထည့်ဝင်ထားကြပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ၁၀ ရိုင်(1 Rai = 0.395 Acre)အကျယ်အဝန်းရှိသည့် နေရာ၌ စားသောက်ကုန်နှင့်အချိုရည်စက်ရုံကို တည်ဆောက်မည်ဖြစ်ရာ ဘတ်သန်း ၃၀၀ ကိုရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ အပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများရရှိရေးအတွက်လည်း  ကမ္ဘောဒီးယား နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့နှင့် ညှိနှိုင်းလျက်ရှိကြောင်း၊ အဆိုပါစီမံ ကိန်းအား အပိုင်းနှစ်ပိုင်းခွဲ၍ အကောင်အထည် ဖော်မည်ဖြစ်ရာ ပထမအဆင့်တွင် Lotus အမှတ်တံဆိပ်ဖြင့် အဆာပြေမုန့်အမျိုးမျိုး၊ Chocky ဝေဖာအမျိုးမျိုးနှင့် ဂျယ်လီ အမျိုးမျိုးကို ၂၀၁၈ ခုနှစ် သြဂုတ်လတွင် စတင်ထုတ်လုပ် ပြီး ဒုတိယအဆင့်ကို ၂၀၁၉ ခုနှစ်တွင် ဘီစကစ်မုန့် အမျိုးမျိုးကို ထုတ်လုပ်မည်ဖြစ်ပါသည်။
        ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် စက်ရုံအသစ် တည်ဆောက်ရန်အတွက် ဘတ်သန်း ၃၀၀ နှင့် လိုအပ်သောစက် ပစ္စည်းများ ဝယ်ယူရန်အတွက် ဘတ်သန်း ၅၀၀ စုစုပေါင်း ဘတ်သန်း ၈၀၀ ကို ရင်းနှီးမြှုပ်နှံမည်ဖြစ်ပါသ ည်။ အဆိုပါစက်ရုံအသစ်အား ဟိုချီမင်းမြို့ရှိစက်မှုဇုန်၌ မြေဧရိယာ ခြောက်ရိုင်ပေါ်တွင် တည်ဆောက်၍  ဂျယ်လီအမျိုးမျိုးကို ထုတ်လုပ်မည်ဖြစ်ပါသည်။ စတင်ထုတ်လုပ်သည့်နှစ်တွင် ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ တွင် ရောင်းချမည် ဖြစ်ပြီး ဝင်ငွေဘတ်သန်း ၅၀၀ စီရရှိရန်မျှော်မှန်းထားပါသည်။ Srinanaporn Marketing ကုမ္ပဏီသည် ယခင်ကတည်းက CLMV  နိုင်ငံများသို့ စားသောက်ကုန်နှင့် အချိုရည်အမျိုးမျိုးကို တင်ပို့ရောင်းချလျက် ရှိပြီး တစ်နှစ်လျှင် ဘတ်သန်း ၁၀၀ ခန့်ရရှိပါသည်။ Srinanaporn Marketing ကုမ္ပဏီအနေ ဖြင့် ယခုနှစ်တွင် စုစုပေါင်းအရောင်းဝင်ငွေ ဘတ် ၇ ဒသမ ၅ ဘီလီယံရရှိရန် မျှော်မှန်းခဲ့သော်လည်းယခုအခါ ဘတ်ခြောက် ဘီလီယံ သို့ လျှော့ချခဲ့ပြီး၁၀ ရာခိုင်နှုန်းကိုနိုင်ငံခြားဈေးကွက် သို့ တင်ပို့ရောင်းချမှုမှ ရရှိမည်ဖြစ်ပါသည်။ CLMV နိုင်ငံများ ၌ လုပ်ငန်းတိုးချဲ့ခြင်းဖြင့် လာမည့်ငါးနှစ်အတွင်း စုစုပေါင်း အရောင်းပမာဏသည် ၅၀  ရာခိုင်နှုန်း မြင့်တက်လာနို င်ပါသည်။ ထို့နောက်Tiffy အမှတ်တံဆိပ်ဖြင့် ဆေးဝါးများကိုထုတ်လုပ်လျက်ရှိသည့် Thai Nakorn Panata ကုမ္ပဏီသည်လည်း CLMV နိုင်ငံများ၌ ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်ခဲ့သည်မှာ ၂၇ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုကဲ့သို့ အခြား ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ အစုစပ်လုပ်ငန်းဆောင်ရွက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရှိရပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages