ဂျပန်ဘဏ်များနှင့် ငွေသားမဲ့ပေးချေသည့် ကုမ္ပဏီများပူးပေါင်း၍  'digital yen' ကို အကောင်အထည်ဖော်ရန် ပြင်ဆင်

Wed, 06/10/2020 - 07:08 -- admin_ygn

၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ဂျပန်နိုင်ငံရှိ အထင်ကရဘဏ်ကြီးသုံးခု သည် ငွေသားမဲ့ပေးချေသည့် ဝန်ဆောင် မှုလုပ်ငန်းဆောင်ရွက်သူများနှင့်အတူ ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက် သည့်အဖွဲ့ကို ထူထောင်ပြီး ငွေရေး ကြေးရေးဝန်ဆောင်မှု လုပ်ငန်းများတွင် 'digital yen' အမည်ရ အစီအစဉ်ကို မိတ်ဆက်အသုံးပြုနိုင်ရေးအကောင် အထည်ဖော်ရန် ပြင်ဆင်နေကြသည်။  Railway operator များက ထုတ် ပေးထားသည့် IC card များနှင့် smartphone application  များအသုံးပြုသည့် ငွေသားမဲ့ပေးချေမှုအစီအစဉ်များကို ဂျပန်နိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံး ပြုနေကြချိန်တွင် သုံးစွဲသူများအတွက် ပိုမို  လွယ်ကူအဆင်ပြေစေမည့်  ဝန်ဆောင်မှုများပံ့ပိုးရန် မျှော်မှန်း၍ ဘဏ် လုပ်ငန်းဝန်ဆောင်မှု လုပ်ငန်းရှင်များ က ၎င်းတို့၏ အစီအမံများကို ချဲ့ထွင်ရန် ကြိုးပမ်းလာကြခြင်းဖြစ်သည်။ 

 

အဆိုပါ 'digital yen' ကို လွယ်ကူ ချောမွေ့စွာ မိတ်ဆက်အသုံးပြုနိုင်စေ ရေးအတွက် ဂျပန်ဗဟိုဘဏ်သည် ဥရောပ ဗဟိုဘဏ်နှင့် အခြားသော ဗဟိုဘဏ်များနှင့် ညှိနှိုင်းကာ ဖြစ်နိုင် ချေရှိမှု ဆန်းစစ်ချက်များကို ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း ဗဟိုဘဏ်နှင့် နီးစပ် သည့် အသိုင်းအဝိုင်းက ဆိုသည်။ 'Digital yen' အသုံးပြုရေး ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့တွင် Mitsubishi UFJ Financial Group Inc., ၊ Mizuho Financial Group Inc., နှင့်  Sumitomo Mitsui Financial Group Inc., စသည့် အထင်ကရ ငွေရေး ကြေးရေးလုပ်ငန်းအုပ်စုကြီး သုံးစုနှင့် အတူ East Japan Railway Co., ? the issuer of the Suica IC passenger card နှင့် mobile phone service operator KDDI Corporation  တို့ ပူးပေါင်းပါဝင် ကြသည်။ 

 

ဂျပန်ဗဟိုဘဏ်၊ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း  အေဂျင်စီနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနတို့က အဆိုပါ လုပ်ငန်းအစီ အစဉ်အပေါ် လေ့လာသုံးသပ် အကဲဖြတ် သူများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး လုပ်ငန်း၏   အဆိုပြုပုံစံကိုလာမည့် ဆောင်းဦးရာသီတွင် အစိုးရနှင့် ဂျပန် ဗဟိုဘဏ်တို့ထံ တင်ပြ ဆောင်ရွက်သွား မည်ဖြစ်သည်။ 

 

နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့

International Trade News

Pages