ဂျပန်နှင့်တောင်ကိုရီးယားနှစ်နိုင်ငံအကြား ကုန်သွယ်ရေးအငြင်းပွားမှုအခြေအနေ

Thu, 08/22/2019 - 06:43 -- admin_ygn

       ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးအငြင်းပွားမှုသည် ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်းများ၊ ကွန်ပျူတာများ နှင့် အခြားသော လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေ မည့်အသွင်ကို ဆောင်နေသည်။ မကြာသေးမီကာလအတွင်းက နှစ်နိုင်ငံ အကြားတင်းမာမှုများ၊ ရာဇဝင်တွင် အမြစ်စွဲနေခဲ့ကြသည့် သဘောထားကွဲ လွဲမှုများသည်  ဆက်ဆံရေးအခြေ အနေကို အဓိကအဟန့်အတားဖြစ်စေ သည့် အချက်များဖြစ်ကြသည်။ ပြီးခဲ့သည့် ဇူလိုင်လက ဂျပန် နိုင်ငံက တောင်ကိုရီးယားနိုင်ငံရှိ နည်း ပညာကုမ္ပဏီများအတွက် ဆီမီးကွန် ဒတ်တာများနှင့် စမတ်ဖုန်းမျက်နှာပြင်များ ထုတ်လုပ်ရာတွင် အဓိကလိုအပ်သည့် ဓာတု ပစ္စည်းများနှင့် အခြားသော ကုန်ကြမ်းပစ္စည်းများတင်ပို့ခြင်းတွင် ကန့်သတ်ချက်များ ပြုလုပ်ခဲ့သည်။ ဂျပန်ဘက်ကမူ ၎င်းကုန်ကြမ်းပစ္စည်းများကို မြောက်ကိုရီးယားဘက်သို့ လက်နက်များထုတ်လုပ်ရန် ပို့ဆောင် နေသည်ဟု အခိုင်အမာပြောဆိုခဲ့သည်။

     ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် သြဂုတ် ၂ ရက်တွင် ပိုမိုတင်းကျပ်သော စည်းမျဉ်းကန့်သတ်မှုများ ချမှတ်ခဲ့ပြီး ဂျပန်ကုမ္ပဏီများမှ တောင်ကိုရီးယား ဝယ်လက်မိတ်ဖက်များကို အဆိုပါ ဓာတုပစ္စည်းများ လွယ်လင့်တကူ တင်ပို့ ရောင်းချခြင်းမပြုနိုင်စေရန် တောင် ကိုရီးယားနိုင်ငံကို စိတ်ချယုံကြည်ရ သည့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံစာရင်း မှ ဖယ်ရှားမည်ဟု ကြေညာခဲ့သည်။ ဂျပန်နိုင်ငံသည်  Fluorinated polyimides၊   photoresists   နှင့် hydrogen fluoride ဓာတုကုန် ကြမ်းပစ္စည်းသုံးမျိုးကို ကမ္ဘာပေါ်တွင် အများဆုံးနီးပါး  ထုတ်လုပ်နေပြီး တောင်ကိုရီးယားနိုင်ငံရှိ နည်းပညာကုမ္ပဏီကြီးများဖြစ်ကြသည့် Samsung၊ LG နှင့် SK Hynix တို့က ယင်းကုန် ကြမ်းများအပေါ် အဓိကမှီခိုအားထား နေရသည်။ ယခုအခါ ဂျပန်မှပို့ကုန် တင်ပို့သူများသည် တောင်ကိုရီးယား နိုင်ငံသို့ အဆိုပါကုန်ကြမ်းများ တင်ပို့ နိုင်ရေး ခွင့်ပြုချက်တောင်းခံရမည်ဖြစ် ပြီး ထိုလုပ်ငန်းစဉ်သည် ရက်ပေါင်း ၉၀ ခန့်ကြာမြင့်မည်ြ ဖစ်သည်။

     ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ အဆိုပါဂျပန်ကုမ္ပဏီများအနေဖြင့်  ထိုကုန်ကြမ်းပစ္စည်းများ သိုလှောင်မှုမှာ တစ်လမှသုံးလခန့်အထိ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးအငြင်းပွားမှုကြာ ရှည်မည်ဆိုပါက ကမ္ဘာ့ဆီမီး ကွန်ဒတ်တာများ ထုတ်လုပ်မှု၏တစ် ဝက်ကျော်နှင့် ကမ္ဘာ့စမတ်ဖုန်းမျက် နှာပြင်ထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်နေသည့် တောင်ကိုရီးယား ကုမ္ပဏီများ အခက်အခဲဖြစ်မည့်အတွက် ကမ္ဘာ့ နည်းပညာလုပ်ငန်းနယ်ပယ်အနေဖြင့် ထိခိုက်လာနိုင်မည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် တိတိပပလက်တုံ့ပြန်မှုမျိုး မဆောင်ရွက်သေးသော်လည်း သမ္မတမွန်းဂျေအင်းက နှစ်နိုင်ငံအကြား ကုန်သွယ်ရေး အငြင်းပွားမှု ရှည်ကြာနိုင်ခြင်းကြောင့်  နည်းပညာကုမ္ပဏီများအား ဂျပန်ဘက်က ကန့်သတ်ထားသည့် ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်ကြရန် တိုက်တွန်းထားသည်။ တောင်ကိုရီးယားနိုင်ငံသားများ က အဝတ်အထည်နှင့် ဘီယာများ အပါအ ဝင် ဂျပန်နိုင်ငံထွက်ကုန်ပစ္စည်းများကို သုံးစွဲခြင်းမပြုကြရန် ကန့်ကွက် သပိတ်မှောက်ကြကြောင်းသိရသည်။

      ယင်းကိစ္စကြောင့် ပစိဖိတ်ဒေသ အတွင်း ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့အကြား  လုံခြုံရေးပူး ပေါင်းဆောင်ရွက်နေမှုကို အဟန့် အတားသဖွယ်ဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။ ပြီးခဲ့သည့် သီတင်းပတ် က တောင်ကိုရီးယားအစိုးရအရာရှိ များက သတင်းအချက်အလက်ဖလှယ် ရေးသဘောတူညီချက်ကို ဖျက်သိမ်း မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ဂျပန်အစိုးရ အရာရှိများကမူ ယင်းကိစ္စမှာ မြောက်ကိုရီးယားနှင့်အဓိကသက်ဆိုင်နေ သည်ဟု ဆိုသည်။ လက်ရှိ၌ တောင်ကိုရီးယားနိုင်ငံ က နိုင်ငံတကာပံ့ပိုးမှုရရှိရန် ကြိုးစား နေပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) သို့လည်း ယခုအငြင်းပွားမှုကိစ္စကို တင်ပြထားပြီးဖြစ်ကာ ၎င်းတို့ဘက်က ထောက်ခံနိုင်ရေး အာ ဆီယံနိုင်ငံများ ကိုလည်း ဆွဲဆောင်လျက်ရှိပြီး အခြား နိုင်ငံအနည်းငယ်သာ ထိုအရေးကိစ္စတွင် ပါဝင်ရန်စိတ်အားထက်သန်သည် ကို တွေ့ရသည်။

 

Reference: The Council for Foreign Affairs (August 5, 2019)

The Japan Times (August 3, 2019)

နန္ဒာဝင်း၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ တိုကျိုမြို့

International Trade News

Pages