ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် တစ်သန်းဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ စာချုပ်ချုပ်ဆို

Fri, 08/11/2017 - 03:57 -- admin_ygn

          ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၅ နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် တစ်သန်းဝယ်ယူ ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနဝန်ကြီး Pan Sorasak နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားသောက်ကုန်ဝန်ကြီးဌာနဝန်ကြီး Qamrul Islam တို့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် သြဂုတ်လ ၂ ရက်က နား လည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း ဆင်ဟွာသတင်း တွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားသောက်ကုန်ဝန်ကြီးဌာနဝန်ကြီးက မိမိတို့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် နှစ်သိန်းနှင့် ပေါင်းဆန်တန်ချိန်ငါးသောင်းတို့ကို အမြန်ဆုံးဝယ်ယူလိုကြောင်း အဆိုပါ နားလ ည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနား ပြီးဆုံးပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။
           ဆန်တင်ပို့မှု ပထမအဆင့်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်းဖြစ်သည့် Green Trade ကုမ္ပဏီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားသောက်ကုန်ဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနသို့ ယခုနှစ်အောက်တိုဘာလတွင် ဆန်တန် ချိန် နှစ်သိန်းငါးသောင်းတင်ပို့သွားမည် ဖြစ်ပြီး၊ ကျန်ရှိသည့် တန်ချိန် ခုနစ်သိန်းငါးသောင်းအား ၂၀၂၂ ခုနှစ်အထိ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်ရောင်းချရန် လက်မှတ်ရေးထိုးမှု သည် ကမ္ဘောဒီးယားနိုင်ငံက ပြည်ပနိုင်ငံများသို့ ဆန်အများဆုံး ရောင်းချရန် လက်မှတ်ရေးထိုးမှုများအနက် တစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးက ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ အစိုးရက ထုတ်ပြန်သည့်စာရင်းအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၅၆ နိုင်ငံသို့ ဆန်တန်ချိန် စုစုပေါင်း ၅၄၂၀၀၀ တင်ပို့ခဲ့ပြီး အဆိုပါ ပမာဏသည် ၂၀၁၅ ခုနှစ်တွင် ပြည်ပသို့ဆန် တင်ပို့မှုထက် သုည ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

 

Source: Xinhua
စန္ဒာထွန်း (TTI)

International Trade News

Pages