အာဆီယံ-တရုတ် စင်တာကို ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ဖွဲ့စည်းမည်
မြန်မာနိုင်ငံနဲ့ အာဆီယံ-တရုတ် စင်တာတို့ ပူးပေါင်းဆောင်ရွက်ရန် အာဆီယံ-တရုတ်စင်တာကို ၂၀၁၂-၂၀၁၃ခုနှစ်အတွင်းဖွဲ့စည်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဦးအောင်စိုးမှ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ အာဆီယံ-ဂျပန်၊ အာဆီယံ-ကိုရီးယားစင်တာများကို ဖွဲ့ စည်းခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲများ ကျင်း ပလျက်ရှိပြီး၊ အာဆီယံ-တရုတ်စင်တာ ကို Trade Promotion အတွက် ရည် ရွယ်ပြီး ဖွဲ့စည်းမှာဖြစ်ကြောင်း၊ သက် ဆိုင်ရာဈေးကွက်အလိုက် ဝင်ရောက် နိုင်မယ့်နည်းပညာနဲ့ သတင်းအချက် အလက်များကို လက်တွေ့သိရှိနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
အာဆီယံ-ဂျပန် စင်တာနဲ့ အာဆီယံ-ကိုရီးယား စင်တာများနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ နိုင်ငံအလိုက် ကြိုက်နှစ်သစ်တဲ့ ထုတ်ကုန်ပစ္စည်း အခြေခံခြင်းတူညီသော်လည်း ဒီဇိုင်း၊ အရောင်မတူညီတဲ့အတွက် ကြိုက်နှစ် သက်မှုကို မသိရှိနိုင်ကြောင်း၊ ထုတ် လုပ်တဲ့ပစ္စည်းများကို ဈေးကွက်ထိုး ဖောက်နိုင်ဖို့ လိုအပ်ကြောင်း သိရပါ တယ်။
ဆောင်းဒါးရက်ကန်း သင်တန်း ကျောင်းမှ နည်းပြအရာရှိ ဒေါ်ခိုင်ခိုင် သိန်းမှ အာဆီယံ-ဂျပန်စင်တာမှ ဆွေး နွေးပွဲပြုလုပ်တဲ့အတွက် ၎င်းတို့နိုင်ငံမှ ကြိုက်နှစ်သက်တဲ့ပစ္စည်းများကို ရှင်း လင်းပြောကြားပြီး ဂျပန်နိုင်ငံသို့ ချည် ထည်များတင်ပို့တဲ့အခါ ဒီဇိုင်းနဲ့အရောင် ဘယ်လိုလုပ်သင့်သလဲ သိရှိလိုက်နိုင် ကြောင်း၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ ပစ္စည်း များလည်း စိတ်ဝင်စားမှုရှိပါကြောင်း၊ အာဆီယံနိုင်ငံများနဲ့ စင်တာများ ဖွဲ့စည်းပြီး ဆွေးနွေးပွဲများ ပြုလုပ်ကာ နိုင်ငံအလိုက် ကြိုက်နှစ်သက်မှုကိုသိရှိ ပါက ပြည်ပတင်ပို့ရာမှာ ကုန်ပစ္စည်း ကြိုက်နှစ်သက်မှုကို ခွဲခြားတင်ပို့နိုင် မှာဖြစ်ကြောင်းပြောကြားပါတယ်။
ဇူးဇူး