“အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ဒုတိယအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး” အာဆီယံဒေသတွင်းညှိနှိုင်းဆွေးနွေးပွဲ

Thu, 06/15/2023 - 09:56 -- competition

အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် ဒုတိယအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး (2nd ACFTA WGCC) အာဆီယံဒေသတွင်း ညှိနှိုင်းဆွေးနွေးပွဲ (ASEAN Caucus) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် အွန်လိုင်းမှ Virtual ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ အာဆီယံဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားယှဉ်ပြိုင်မှုကော်မရှင်၊ ပြည်သူ့ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဗျူရိုမှ Mr. Deswin Nur က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်၏ "ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးအခန်း"တွင် ထည့်သွင်းမည့် တရုတ်နိုင်ငံ၏ အဆိုပြုစာသားများအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။