လျင်မြန်စွာတိုးတက်နေတဲ့ကားဈေးကွက်အဖြစ် ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံကို တိုယိုတာမော်တာ ကော်ပိုရေးရှင်းက သူရဲ့ကား ထုတ်လုပ်မှုအခြေစိုက်စခန်း အဖြစ်ထားဖို့စီစဉ်နေတယ်လို့ အင်ဒိုနီးရှားစက်မှုဝန်ကြီး မစ္စက်ဟီဒါယက်က စက်တင်ဘာ ၁၃ ရက်က ပြောပါတယ်။အင်ဒိုနီးရှားသမ္မတဆူဆီလိုယူဒိုယိုနိုနဲ့ အတူတိုယိုတာ ကုမ္ပဏီ ဥက္ကဌအာကီယိုတိုယိုဒါနဲ့ တွေ့ဆုံပြီးနောက် ယခုလို ပြောကြားတာဖြစ်ပါတယ်။