အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု

Post date: 29/09/2011

ကမ္ဘာ့ဆန်အများဆုံးတင်ပို့တဲ့ ထိုင်းနိုင်ငံရဲ့ အောက်တိုဘာလမှာ စတင်ကာ စပါးတစ်တန်ကို ဘတ် ၁၅၀၀၀ (ကန်ဒေါ်လာ ၄၈၅) ပေးကာ အနိမ့်ဆုံးပေးပြီး ဝယ်ယူမယ့် အစီအစဉ်ကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းတွေကို ကမောက်ကမဖြစ်စေခဲ့ရုံသာမက မိမိနိုင်ငံအတွက်လည်း ထိခိုက်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက

Post date: 29/09/2011

ဗီယက်နမ်မှာ ကားအဟောင်း (Used-car ) တင်သွင်းခွန်ကို ကားအရွယ်စားအပေါ်မူတည်ကာ တစ်စီးကို ကန်ဒေါ်လာ ၃၀၀၀ မှ ၁၇၀၀၀ ကြား တိုးမြှင့်လိုက်တာကြောင့် သြဂုတ်လမှာ ကားအဟောင်းတင်သွင်းမှု ၇၀ ရာခိုင်နှုန်းထိုးဆင်းသွားကြောင်း သတင်း ရရှိပါတယ်။ သြဂုတ်လအတွင်း ကားအဟောင်းစီးရေ ၁၉၉ သာရှိခဲ့ရာ ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရာမှာ ၇၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း

Post date: 29/09/2011

ယခုရာသီမှာ ဂျပန်ဆန်လက်ကားဈေးနှုန်းတွေ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းကြားမြင့်တက်သွားနိုင်ကာ လက်လီဈေးနှုန်းကိုပါ မြင့်တက်စေနိုင်ကြောင်း ကျိုဒိုသတင်းအရ သိရှိရပါတယ်။
Source:     www.marketwatch.com
အေးမွန်မွန်လှိုင်

Post date: 29/09/2011

ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတဲ့ စိုးရိမ်ဖွယ်လက္ခဏာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ က ရေနံစိမ်းဝယ်လိုအား ကို လျှော့ချခန့်မှန်းလာကြတယ်။ ဒါကြောင့် စက်တင်ဘာလ ၂၂ ရက်နေ့က ၆ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းသွားတဲ့ ကမ္ဘာ့ရေနံ စိမ်းဈေးနှုန်းက စက်တင်ဘာလ ၂၃ ရက်နေ့မှာ  သုည ဒသမ ၆ ရာခိုင်နှုန်း ထပ်မံကျဆင်းသွားရာ ဈေးနှုန်းကျဆင်းမှုကာလမှာ ရက်သတ္တပတ် ၆ ပတ်ရှိပြီလို့

Post date: 28/09/2011

အင်ဒိုနီးရှားနိုင်ငံဟာ စက်တင်ဘာလ (၁၅) ရက်နေ့မှာ သန့်စင်ပြီးစားအုန်းဆီ (RBD) တင်ပို့မှု အပေါ် ပို့ကုန်ခွန်ထက်ဝက် လျော့ချပြီးနောက် အိန္ဒိယနိုင်ငံအနေနဲ့အောက်တိုဘာလ (၂၆) ရက်နေ့မှာ ကျရောက်မယ့် ဒီပါဝလီမီးထွန်းပွဲတော်အတွက်

Post date: 28/09/2011

  ဒေသတွင်းရှိကလေးငယ်များကို ခဲဆိပ်သင့်မှုဖြစ်ပေါ်စေခဲ့တဲ့အတွက် တရုတ်နိုင်ငံတွင်းမှာရှိတဲ့ အမေရိကန် US Fortune 500 Company Johnson ပိုင် ဘက်ထရီစက်ရုံကို ယခုနှစ်ကုန်ပိုင်းအထိ ပိတ်ထားမည်ဖြစ်ကြောင်း၊

Post date: 26/09/2011

ဥရောပကြွေးမြီအကျပ်အတည်းကြောင့် ကုန်သွယ်ရေးကိုထိခိုက်နိုင်ပြီး တရုတ်ရဲ့ ပို့ကုန်ကိုလည်း ထိခိုက် နိုင်တာကြောင့် စိုးရိမ်လျက်ရှိကြောင်း တရုတ်နိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်တယ်။ဥရောပ နိုင်ငံတွေရဲ့ ကြွေးမြီအကျပ် အတည်းကြီးထွားလာမှုကို ရင်ဆိုင်နေရမှုတွေက တရုတ်အတွက် ကုန်သွယ်အတား အဆီးတွေကိုဖြစ်စေနိုင်ကြောင်း

Post date: 26/09/2011

ဖိလစ်ပိုင်အစိုးရအနေနဲ့ စပါးမျိုးစပ်ထုတ်လုပ်ရေးကို တက်ာ ဆန်ဖူလုံမှုရှိတဲ့ နိုင်ငံဖြစ်လာနိုင်မယ်လို့ ယုံကြည်ကြောင်း SL Agritech Corp ကော်ပိုရေးရှင်း မှ အဆင့်မြင့်အရာရှိနဲ့ ဥက္ကဌ ဖြစ်သူ Henry Lim က အကောင်းမြင်ရှုထောင့်က

Post date: 26/09/2011

တရုတ်နိုင်ငံရဲ့ စိုက်ပျိုးရေးသိပ္ပံပညာရှင်ခေါင်းဆောင် Yuan Longping ဟာ ယူနန်ပြည်နယ်မှာ တစ်ဟက်တာစပါး ၁၃ ဒသမ ၉ တန်ထွက်ရှိတဲ့ နောက်ဆုံးအဆင့်မြင့် စပ်မျိုးစပါးနဲ့ ၎င်းင်းရဲ့တတိယမြောက် ကမ္ဘာ့မှတ်တမ်းဝင်ဖြစ်လာခဲ့ပြီး စပ်မျိုးစပါးသုတေသနနဲ့ပတ်သက်လို့ ဦးဆောင်နိုင်ငံအဖြစ်လည်း နိုင်ငံဂုဏ်ဆောင်ခဲ့တယ်လို့

Post date: 21/09/2011

အိန္ဒိယနိုင်ငံရဲ့ သဘာဝရော်ဘာတင်ပို့မှုဟာ ယခုဘဏ္ဍာနှစ် ဧပြီမှ သြဂုတ်အထိကာလမှာ ၂၈၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ်အလားတူကာလက ပို့ကုန် (၄၃၆၄) တန်ရှိပြီး ယခုနှစ်မှာ (၁၂၂၁၉) တန်ရှိကြောင်း သိရပါတယ်။ ဒီလိုပို့ ကုန်တိုးတာဟာ ဒီကာလအတွင်း အိန္ဒိယမှာ ဈေးကျတာကြောင့်ဖြစ်ကြောင်း

Pages