FMI ကုမ္ပဏီ၏ အစုရှယ်ယာများအတွက် အမြတ်ဝေစုများကို သြဂုတ် ၉ ရက်တွင် စတင်ထုတ်ပေးသွားမည်

Tue, 07/11/2017 - 04:12 -- admin_ygn

     ရန်ကုန်  စတော့အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသညFMI ကုမ္ပဏီ သည် ၎င်းင်းထံမှဝယ်ယူထားသော အစု ရှယ်ယာများအတွက် အမြတ်ဝေစုများ ကို သြဂုတ် ၉ရက်တွင် စတင်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။အဆိုပါအမြတ်ဝေစုကို  ရန်ကုန် စတော့အိတ်ချိန်းတွင်ရှိသည့်အစုရှယ် ယာရှင်စာရင်းအတိုင်း အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၀၀ ခွဲဝေပေးသွား မည်ဖြစ်ကြောင်းFMI  ၏ကြေညာချက်  တွင် ဖော်ပြထားသည်။ထို့ပြင် ယခုတစ်ကြိမ်ပေးအပ်မည့် အမြတ်ဝေစုတွင်  မူရင်းအစုရှယ်ယာ ၁၀ စုပိုင်ဆိုင်သူတစ်ဦးသည် အပိုဆု အစုရှယ်ယာ (Fully-paid Bonus Shares)  တစ်စု  ထုတ်ဝေပေးမည်ဖြစ် ကြောင်းFMI ၏  ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။FMI ကုမ္ပဏီသည် ၎င်း၏နှစ်ပတ် လည်  အထွေထွေအစည်းအဝေးကို ဇူလိုင်  ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး  အဆိုပါအထွေထွေအစည်းအဝေးတွင်   အတည်ပြုချက်ရရှိခဲ့ပါကကြေညာချက်  တွင် ထည့်သွင်းဖော်ပြခဲ့သည့်အတိုင်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ထို့ကြောင့်YSX ၏ စာရင်းရှင်း လင်းမှုစနစ်အရ အစုရှယ်ယာများ ဝယ် ယူရောင်းချလိုသူ အစုရှယ်ယာရှင်များ အနေဖြင့်Record Dayစာရင်းဝင်နိုင် ရန်အတွက် သြဂုတ် ၄ရက် နောက်ဆုံး ထား၍ ရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်သည်။    
မယ်သီတာ