edotco နှင့်Yoma Strategic ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် တာဝါတိုင်ပေါင်း ၅၀၀၀ တည်ဆောက်သွားမည်

Wed, 01/20/2016 - 06:16 -- admin_ygn

မလေးရှားနိုင်ငံမှ edotco Group SdnBhd နှင့် မြန်မာ နိုင်ငံမှYoma Strategic  ကုမ္ပဏီတို့ပူးပေါင်း၍ လာမည့်သုံးနှစ် အတွင်း မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ငါးထောင် ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် edotco ကုမ္ပဏီအနေဖြင့်  လာမည့်ငါးနှစ်အတွင်း မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံသွားရန် ရည်မှန်း ထားကြောင်းသိရသည်။edotco၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူSuresh Sidhu က ''ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ အရည် အသွေးမြင့်ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ဆောက် သွားမှာပါ။သဘာဝသယံဇာတကို မထိခိုက်စေတဲ့ စွမ်းအင်ထုတ် ယူအသုံးပြုမှုနည်းပညာတွေ၊ နှစ်မျိုးသုံးလို့ရတဲ့ အဆောက်အအုံတွေ၊ နောက်ဆုံးပေါ်စောင့်ကြည့်လေ့လာရေးနည်းပညာ ဝန်ဆောင်မှုဖြစ်တဲ့ echo နဲ့ စီမံခန့်ခွဲမှုစနစ်စတဲ့ ရေရှည်တည်တံ့ပြီး အရည်အသွေးကောင်းမွန်တဲ့ ဝန်ဆောင်မှု တွေကို မြန်မာပြည်ကိုယူဆောင်လာပြီး အရည်အသွေးမြင့် ဆက်သွယ်ရေး ကွန်ရက်ကိုaအာင်အောင်မြင်မြင် တည် ဆောက်သွားမှာပါ။ edotco မြန်မာအနေနဲ့ ဆက်သွယ်ရေး ဆိုင်ရာအခြေခံအဆောက်အဦတွေကို ထိထိရောက်ရောက် တပ်ဆင်ဆောက်လုပ် စီ မံခန့်ခွဲပြီး ယုံကြည်စိတ်ချရတဲ့ အရည်အသွေးကောင်းမွန်တဲ့ ကွန်ရက်တစ်ခုကို သုံးစွဲသူတွေဆီအရောက်ယူဆောင်လာပေးမှာပါ။ အဲဒီကမှတစ်ဆင့် တစ် နိုင်ငံလုံးကသုံးစွဲသူတွေအချင်း ချင်း အဆင်ပြေပြေ လွယ် လွယ်ကူကူ ဆက်သွယ်နိုင်အောင်ကူညီပေးသွားမှာပါ''ဟု ပြောကြားခဲ့သည်။ထို့ပြင်Yoma Strategic ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Melvyn Pun က  ''edotco နဲ့အတူလက်တွဲပြီး မြန်မာ နိုင်ငံရဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အဦတည်ဆောက် မှုနယ်ပယ်မှာ ရေရှည်တည်တံ့ပြီး ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ပြုလုပ်သွားမှာပါ။ အရည်အသွေးမြင့်ပြီး ယုံကြည် စိတ်ချရတဲ့ ဆက်သွယ်ရေးကွန်ရက်ကိုလူတိုင်းအဆင်ပြေပြေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ကြမယ်ဆိုရင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လူနေမှုဘ၀ ပုံစံတွေ အများကြီးပြောင်းလဲသွားမှာပါ။ ဒီလိုဖွံ့ဖြိုးတိုးတက်မှုကို ရည်မှန်းတဲ့ကြိုးပမ်းအား ထုတ်မှုမှာပါဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက် တကယ်ကို ဝမ်း မြောက်ဂုဏ်ယူရပါ တယ်''ဟု ပြောြ ကား ခဲ့သည်။
မယ်သီတာ

 

Local Trade News

Pages