မြင်းခြံမြို့နယ်ရှိ ကွမ်းဈေးနှုန်းဈေးကွက်

Tue, 10/01/2024 - 06:53 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျီးပင်ကန်ကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင် အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့်ဆောင်းစိုက် ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက်ကိုသာ ပိုမို စိုက်ပျိုးကြကြောင်း သိရသည်။

   စိုက်ပျိုးရန် ကွမ်းမျိုးအတွက် ကွမ်းညွန့်တစ်ညွန့်လျှင် လက်ကားဈေးငွေကျပ် ၄၀၀ ကျပ်ခန့် ဖြင့် ဝယ်ယူကာ ၀.၂၅ ဧက အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၅၀၀-၅၅၀ ခန့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ကွမ်းကို စိုက်ပျိုးပြီး ၅-၆ လခန့်အကြာ တွင် စတင်ခူးဆွတ်နိုင်ပြီး  နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်းမျိုးကောင်း မျိုးသန့်အပေါ်မူတည် ၍  ၃ နှစ်မှ ၅ နှစ်အထိ ခူးဆွတ်ရရှိနိုင်ကြောင်း၊  စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါ အဝင် ၀.၂၅ ဧကလျှင် ငွေကျပ် ၂၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ် ခူးဆွတ်လျှင် ၁၀-၁၅ ပိဿာခန့် ထွက်ရှိ၍ တစ်လလျှင် ပိဿာချိန် ၃၅-၄၀ ခန့် ထွက်ရှိရာ ကွမ်းပင်များ ဖြစ်ထွန်း အောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက် အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် လက်ကား ဈေး ကွမ်း တစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀-၇,၀၀၀ နှုန်းဖြင့် မြင်းခြံမြို့ပေါ်ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ အအေးဓာတ်ဝင်လျှင် ကွမ်းအထွက်နှုန်း နည်းသွားသည့်အတွက် ဆောင်း တွင်းကာလများတွင် ဈေးနှုန်းတက်နိုင်မည်ဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

DOCA (မန္တလေး)

Local Trade News

Pages