မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် မြေပဲဆန်ဈေးကွက်ဈေးငြိမ်လျက်ရှိ

Wed, 09/20/2017 - 08:30 -- admin_ygn

ယခုတစ်ပတ်  မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် ဆီထွက်သီးနှံဖြစ်သောမြေပဲလုံးဆန်ဖြူနဲ့အနီကတော့ ယခင် တစ်ပတ်အတိုင်းဈေးငြိမ်လျက်ရှိပြီး  ဆီဆန်ဈေးကတော့ အနည်းငယ်ကျဆင်းလျက်ရှိကာ အရောင်း အဝယ် သွက်လျက် ရှိကြောင်း သိရပါတယ်။အဝင်ရှိသလောက်တော့ ဒေသတွင်းဆားလှော်သမား များနှင့်ဆီစက်သမားများ  ဝယ်ယူလျက်ရှိလို့အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေပဲဆန်များကို မုံရွာ ကုန်စည်ဒိုင် သို့ နေ့စဉ်အိတ် ၁၀၀၀ ခန့် ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ် မြေပဲဆန် တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ (လုံး ဆန်ဖြူ)ကျပ်၂၃၅၀နဲ့အိတ်၃၀၀ခန့်၊ (လုံးဆန်နီ) ကျပ်၂၂၀၀နဲ့ အိတ်၁၅၀ခန့်၊  (ဆီဆန်) ကျပ် ၁၈၅၀နဲ့ အိတ် ၇၀၀^၈၀၀ခန့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကာ ဆီဆန်မှာအရောင်း အသွက်ဆုံးဖြစ်ကြောင်းသိရပါတယ်။ ယခင်တစ်ပတ်က မြေပဲ ဆန် တစ်ပိဿာပေါက်ဈေးနှုန်းမှာ(လုံးဆန်ဖြူ) ကျပ်၂၃၅၀၊ (လုံးဆန်နီ)ကျပ်၂၂၀၀၊  (ဆီဆန်) ကျပ် ၁၉၇၅ နှုန်းပေါက်လို့ ယခုတစ်ပတ်နှင့်နှိုင်းယှဉ်ပါက လုံးဆန်ဖြူနဲ့နီက ယခင်တစ် ပတ်အတိုင်း ဈေးငြိမ်လျက်ရှိပြီး ဆီဆန်ကတော့ ဈေးအနည်း ငယ်ကျဆင်းလျက်ရှိကြောင်းတွေ့ရပါတယ်။ မြေပဲလုံးဆန်ဖြူ ကို ရန်ကုန်ဝယ်လက်က ဝယ်ယူလျက် လုံးဆန်နီကိုမန္တလေး ဝယ်လက်ကဝယ်ယူပြီး ဆီဆန်ကို မုံရွာမြို့တွင်း ဆီစက်သမား များနဲ့ဘုတလင်၊  ခင်မွန်ဆီစက်သမားများက ဝယ်ယူလျက်ရှိ ကြောင်းသိရပါတယ်။                          
  ကြည်ကြည်နွယ်(မုံရွာ)

Local Trade News

Pages