မုံရွာကုန်စည်ဒိုင်ဇွန်လကုန်ရက်သတ္တပတ် ပဲဈေးကွက် ကုလားပဲဈေးတက်လာ

Thu, 07/07/2016 - 07:53 -- admin_ygn

မုံရွာကုန်စည်ဒိုင်  ဇွန်လလကုန်ပတ် ပဲမျိုးစုံဈေး ကွက်မှာ ပြည်ပဝယ်လိုအားရှိတဲ့ ငုံနီ၊ စိမ်းကြီးနဲ့ မတ်ပဲတို့ ဆက်လက်ဈေးမာနေသလို   လုပ်ငန်းသုံးဝယ်လိုအား အနည်းငယ်သွက်လာလို့ ကုလားပဲဈေး  တက်လာတာ တွေ့ရ ပါ တယ်။  မိုးရာသီဖြစ်ပေမယ့် မိုးရွာသွန်းမှုနည်းပြီး ရာသီ ပွင့်လင်းနေတာကြောင့် ကြာဆန်စက်သမားတွေ လုပ်ငန်းသွက်ကာ ပဲအဝယ်လိုက်ခဲ့သလို ခွဲစက်၊ အမှုန့် ကြိတ်စက်နဲ့  ပဲကြော်ဖိုလုပ်ငန်းသမားတွေ ဝယ်လို အား ကောင်း တာကြောင့် အခုလို ကုလားပဲဈေးမြင့်လာတာဖြစ် တယ်လို့   ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် အတွင်းမှာ ထိုင်ဝမ်နဲ့ ၉၂၉ တစ်တင်းကျပ် ၃၈၀၀၀နဲ့  V2တစ်တင်း ကျပ် ၄၀၈၀၀ အထိ အမြင့်ဈေးဖြစ်ပေါ် ခဲ့ကာ တစ်ရက် ကုလားပဲမျိုးစုံ အိတ် ၁၀၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်မှသိရပါတယ်။ယခုတစ်ပတ်  ငုံနီဈေးကွက်မှာလည်း တစ်တင်း ကျပ် ၄၈၈၀၀ မှ ကျပ် ၄၉၁၀၀ အတွင်း ဈေးဆက်လက်မာ နေပြီး ရောင်းလိုအားနဲ့ ဝယ်လိုအားမျှနေကာ တစ်ရက် အိတ် ၇၀၀ မှ ၁၀၀၀ အကြား ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ စိမ်းကြီးဈေးကွက်အနေနဲ့ ဒေသ တွင်းမှ   ပဲဒိုင်များကို   အဝင်သွက်လာသလို မန္တလေး၊ ရန်ကုန်နဲ့ ဒေသခံခွဲ စက်သမား ဆွဲအားကောင်းခဲ့ရာ ယခု တစ်ပတ်အတွင်း စိမ်းကြီးတစ်တင်း  ကျပ် ၃၂၅၀၀အထိ အမြင့်ဈေးပေါက်ခဲ့ပြီး တစ်ရက် အိတ် ၁၅၀၀ မှ ၂၀၀၀ အကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
မတ်ပဲဈေးကွက် မှာတော့  ယခင်တစ်ပတ်ကထက် အနည်းငယ်ဈေးအေးခဲ့ကာ တစ်တင်း  ကျပ် ၅၆၀၀၀ မှ ကျပ် ၅၇၅၀၀ အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၃၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်နိုင်တယ်လို့  ဆိုပါ  တယ်။
အခြားပဲမျိုးစုံဈေးကွက်အနေနဲ့   ထောပတ်ပဲတစ် တင်းကျပ် ၁၁၅၀၀၊ ပုဂံပဲတစ်တင်း  ကျပ် ၁၆၅၀၀၊ မြေ ထောက်ပဲတစ်တင်း  ကျပ် ၁၉၅၀၀၊ လွန်းပြာတစ်တင်း ကျပ် ၂၀၅၀၀၊ ပဲယင်းတစ်တင်းကျပ်၁၅၀၀၀၊ စွန်တာနီ တစ်တင်း ကျပ် ၁၅၀၀၀၊ ပဲပုပ်စေ့တစ်တင်း ကျပ် ၁၈၀၀၀ အသီးသီးပေါက်ဈေးငြိမ်နေခဲ့ပြီး  နယ်ရောင်းချရမှုထက် ဒေသတွင်းပဲလက်လီအဝယ်ကပိုကာ ပဲတစ်မျိုးတစ်ရက် လျှင်အိတ် ၂၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်နိုင်တယ် လို့ ကုန်စည်ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။

ထွန်းလှိုင်-မုံရွာ