ပြည် မန်ကျည်းမှည့်ဈေးကွက် ပုံမှန်အဝင်ရှိပြီး ရခိုင်သို့ ပုံမှန်တင်ပို့

Fri, 05/06/2016 - 07:23 -- admin_ygn

ယခုမတ်လနောက်ဆုံးပတ် ပြည်မန်ကျည်းမှည့်ပွဲရုံများသို့  ကမြိုင်၊ ပန်းတောင်း၊ ဥသျှစ်ပင်၊  ကျီးသဲစတဲ့  ဒေသများမှ ထွက်ရှိတဲ့ မန်ကျည်းမှည့် အိတ်တွေ ပြည်ပွဲရုံသို့ဝင်ရောက်နေတာတွေ့ရပါတယ်။ တစ်နေ့လျှင် ပိဿာ နှစ်ဆယ်ဝင်အိတ် ၁၀၀ ခန့် အဝင်ရှိပြီး ဒေသတွင်း မန်ကျည်းမှည့်များကတော့ ပွဲရုံများသို့ ပိဿာချိန် ၁၀၀၀ ကျော် ပုံမှန်အဝင်ရှိနေပါတယ်။အရောင်းအဝယ် မှာလည်း  လက်လီအရောင်းသမားများနဲ့    ရခိုင်ဝယ်လက်တို့မှ နေ့စဉ် အဝယ်ပုံမှန်ရှိနေပြီး ပိဿာချိန် ၇၀၀၊ ၈၀၀ တင်ပို့နေရကြောင်းသိရပါတယ်။ မန်ကျည်းမှည့်ဈေးကွက်ကတော့ မနှစ်ကထက်စာရင် အထွက်နည်းပြီး ဈေး ကွက်အရောင်းအဝယ်ရှိနေတာကြောင့် ဈေးမာနေတာ တွေ့ရပါတယ်။ ယခု တစ်ပတ် မန်ကျည်းမှည့်တစ်ပိဿာ ပွဲရုံပေါက်ဈေး ၁၈၀၀ ကျပ်နဲ့လက်လီ ဒေသတွင်း ပေါက်ဈေးကတော့ ၂၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။                  
               

     နီနီဝင်း-ပြည်