ပဲတီစိမ်း(မိုး)အသစ်များ ဈေးကွက်ဝင်ရောက်၍ ဝင်သမျှအရောင်းအဝယ်ဖြစ်

Mon, 06/26/2023 - 03:55 -- comsumer

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်သို့ ဇွန်လဆန်းပိုင်းမှစ၍ ပဲတီစိမ်းသစ်များ စတင်ဝင်ရောက်လာခဲ့ရာ ယခင်နှစ်နှင့်ယှဉ်လျှင် ယခုနှစ်တွင် ပဲတီစိမ်းအသစ်များ ဝင်ရောက်မှုစောလာခဲ့ပြီး ပြည်မြို့ အနီးပတ်ဝန်းကျင်ရှိ ပေါင်းတလည်၊ ပေါက်ခေါင်း၊ မင်းတုန်းနှင့် ကံမမြို့နယ်များမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊  ပဲတီစိမ်း စတင်ပေါ်ချိန်ဖြစ်သည့်အတွက် တစ်ရက်လျှင် အိတ်ရေ (တစ်တင်းဝင်)(၂၀၀/၃၀၀ မှ ၄၀၀)ကျော် ဝင်ရောက်ခဲ့ပြီး ဈေးကွက်အနေဖြင့် မန္တလေးဝယ်လက်များမှ အဓိကထား၍ ဝယ်ယူခဲ့ခြင်းကြောင့် ဝင်လာသမျှ ပဲတီစိမ်းအသစ်များ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ပဲတီစိမ်းသီးနှံမှာ မတ်ပဲ၊ ပဲစင်းငုံသီးနှံများကဲ့သို့ ပဲဈေးကွက်၌ တစ်နှစ်ပတ်လုံး အရောင်းအဝယ်ဖြစ်နေခြင်းမဟုတ်ဘဲ ပဲထွက်ပေါ်ချိန်၌သာ ရောင်းဝယ်မှုအဖြစ်များသည့် ပဲသီးနှံဖြစ်ရာ ဈေးနှုန်းအနေဖြင့်  ပဲတီစိမ်းအသစ် ပိဿာချိန်(၂၀)တစ်တင်းလျှင် (၆၀၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ကြကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News