ပခုက္ကူမြို့နယ်၌ နွေနှမ်းစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိ

Tue, 07/09/2024 - 04:07 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စုအတွင်းရှိ ဆိက္ခဝ၊ သီရိ၊ဇီးကုန်း၊ ရွာနောင်ကျေးရွာများ၌ မြစ်ရေဝင်မြေနုကျွန်းများပေါ်၌ မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ နှစ်စဉ် စိုက်ပျိုးလျက်ရှိပြီး သီးထပ်အဖြစ် နွေနှမ်း (အဖြူ) မျိုးကို ရေသွင်းစိုက်ပျိုးကြကြောင်း သိရသည်။

   နွေနှမ်းစိုက်ပျိုးမှု အနေဖြင့် မတ်လတွင် စတင်စိုက်ပျိုးပြီး ဇွန်လတွင် ရိတ်သိမ်းကြောင်း၊ စိုက်ပျိုးစရိတ်အတွက် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၉ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၂ တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်း(ဖြူ) တစ်တင်းလျှင် ငွေကျပ် ၁၃၅၀၀၀ ဖြင့်ရောင်းချ၍ ငွေကျပ် ၁,၆၂၀,၀၀၀ ခန့်ရရှိကာ အကျိုးအမြတ်အနေဖြင့် ၇ သိန်းကျော်ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် နှမ်းများကို ညောင်ဦးနှင့် ပခုက္ကူမြို့တို့သို့ တင်ပို့ရောင်းချကြပြီး နွေနှမ်းစိုက်ပျိုးခြင်းဖြင့် တောင်သူ များ အကျိုးအမြတ်ရရှိ၍ နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages