တရုတ်ဝယ်လိုအားကောင်းသဖြင့် နှမ်းစျေးကွက်အရောင်းသွက်

Tue, 01/30/2024 - 07:17 -- mocadmin

   မကွေးတိုင်းဒေသကြီးအတွင်း အဓိကစိုက်ပျိုးသည့်သီးနှံတွင် တစ်ခုအပါအဝင်ဖြစ်သည့် နှမ်း သီးနှံအား ၁,၂၅၉,၄၅၈ ဧကအထိ စိုက်ပျိုးကြသည်။ စိုက်ပျိုးသည့်ဧကများသလို ထွက်ရှိသည့် သီးနှံ လည်းများသည်။ နှမ်းသီးနှံအား ရောင်စုံစိုက်ပျိုးကြသလို နှမ်းမျိုးကွဲများစွာလည်း ဒေသအလိုက် စိုက်ပျိုးကြသည်။ ထွက်ရှိသည့်နှမ်းများမှာ နှမ်းနက်(စမုံ)၊ နှမ်းနက်(ရိုးရိုး)၊ နှမ်းနီ၊ နှမ်းညို၊ နှမ်းဖြူ အစရှိသကဲ့သို့ နှမ်းရောင်ကွဲများလည်းပါရှိသည်။

   နှမ်းနက်(စမုံ)အား အောင်လံနယ်တစ်ဝိုက်တွင် အဓိကစိုက်ပျိုးကြပြီး နှမ်းနက်(စမုံ)ရောင်း ဝယ်ဖောက်ကားရာ နေရာလည်းဖြစ်ပါသည်။ နှမ်းနက် (စမုံ) အား တရုတ်မှဝယ်လိုအားကောင်းနေ၍ ယခုရက်ပိုင်းတွင် စျေးမြင့်တက်လာကာ ကျန်နှမ်းများလည်း ဆီစက်လုပ်ငန်းရှင်များ၏ ဝယ်လိုအား ကြောင့် စျေးအနည်းငယ်မြင့်တက်လာပါသည်။ နှမ်းနက် (စမုံ) ကို အောင်လံမြို့နယ်ရှိ ကျေးရွာများ မှလည်းကောင်း၊ တောင်တွင်းကြီး၊ ပြည်တို့မှလည်းကောင်း လာရောက်ကာ အရောင်းအဝယ်ပြုလုပ် ကြပြီး စျေးကွက်ထဲသို့ တစ်ရက်လျှင် ၂၅ ပိသာဝင်အိတ် ၁,၀၀၀ မှ ၂,၀၀၀ ကြား အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်သည်တစ်ဦးမှသိရှိရပါသည်။

   နှမ်းစျေးနှုန်းများအနေဖြင့် ဇန်နဝါရီလ ပထမပတ်တွင် နှမ်းနက် (စမုံ) ၄၅ ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၃၄၀,၀၀၀၊ နှမ်းနီ ၄၅ ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၂၈၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၃၀၀,၀၀၀၊ ဇန်နဝါရီလ ဒုတိယပတ်တွင် နှမ်းနက် (စမုံ) ၄၅ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၃၅၀,၀၀၀၊ နှမ်းနီ ၄၅ ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၃၀၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၃၀၀,၀၀၀၊ ဇန်နဝါရီလ တတိပတ်တွင် နှမ်းနက် (စမုံ) ၄၅ ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၃၆၀,၀၀၀၊ နှမ်းနီ ၄၅ ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၃၀၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၃၀၀,၀၀၀၊ ဇန်နဝါရီလ စတုတ္ထပတ်တွင် နှမ်းနက် (စမုံ) ၄၅ ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၃၆၅,၀၀၀၊ နှမ်းနီ ၄၅ ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၃၂၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိသာ ၃ တင်းဝင် တစ်အိတ်လျှင် ကျပ် ၃၃၀,၀၀၀ စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့                                                                                    

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး