ကမ္ဘာလုံးဆိုင်ရာ တရုတ်ကုန်သည်ကြီးများ ညီလာခံမှသည် မြန်မာနိုင်ငံစီးပွားရေး ပိုမိုတိုးတက်လာစေရန်ဦးတည်

Wed, 09/20/2017 - 06:43 -- admin_ygn

      မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက ဆွေမျိုးမိတ်ဆွေ ရင်းချာများသဖွယ် နေထိုင်လာခဲ့ကြတာ အားလုံး အသိပဲဖြစ်ပါတယ်။ မြန်မာလူမျိုးတို့နဲ့ တရုတ် လူမျိုးတို့ရဲ့  ရင်းနှီးပတ်သက်မှုဟာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းရှည်လျားသလို တစ်နံတစ်လျား ရှည်လျားလှပါတယ်။တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုချင်းနီးစပ် သလို ကိုးကွယ်ရာဘာသာချင်းလည်း နီးစပ်လှ ပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးရှိတဲ့ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ထွက်ရှိသမျှ လယ်ယာထွက်ကုန်၊ သစ်သီးဝလံမျိုးစုံနဲ့ စက်မှု ကုန်ကြမ်းတွေကို  အဓိကအားထားနေရသလို မြန်မာနိုင်ငံအနေနဲ့လည်း မိမိနိုင်ငံမှာ မရရှိနိုင်တဲ့ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ အိမ်သုံး၊ လူသုံးကုန်ပစ္စည်း မျိုးစုံနဲ့ အဝတ်အထည်တွေကို တရုတ်နိုင်ငံက အများအပြားတင်သွင်းပြီး အသုံးပြုနေကြရတာ ဖြစ်ပါတယ်။အခုအခါမှာ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံဟာ အများဆုံးရင်းနှီးမြှုပ်နှံတဲ့ လူမျိုးတစ်မျိုးဖြစ်သလို မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ကဏ္ဍမှာလည်း ထိပ်ဆုံး မှာရှိနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
     တရုတ်နိုင်ငံဟာ အာဆီယံဒေသတွင်း နိုင်ငံ များနဲ့ ကုန်သွယ်ရာမှာလည်း အများဆုံးဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။၂၀၁၅ခုနှစ်အတွင်း အာဆီယံ နိုင်ငံများနဲ့ ကုန်သွယ်ရာမှာ ၃၄၅ ဒသမ ၄၄၃ ဘီလီယံရှိခဲ့ပြီး ၂၀၁၁ ခုနှစ်က  ကုန်သွယ်မှုနဲ့နှိုင်း ယှဉ်ပါက ၁၅ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာ တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ဒါ့ပြင် တရုတ်နိုင်ငံနဲ့  မြန်မာနိုင်ငံတို့ရဲ့ ကုန် သွယ်မှုကို ကြည့်မယ်ဆိုရင်  ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်အတွင်း အမေရိကန်ေ ဒါ်လာ ၁၀ ဒသမ ၇၆ ဘီလီယံဖိုး  ကုန်သွယ်မှုပြုနိုင်ခဲ့ပြီး ယင်းပမာဏ အနက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၅ ဘီလီယံဟာ နယ်စပ်ဒေသများမှ ကုန်သွယ်မှုပြု ခဲ့တာဖြစ်ပါတယ်။
တရုတ်လူမျိုးတွေဟာ  ရှေးခေတ်ကာလက တည်းက အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ မွေးရပ်ဇာတိကိုစွန့်ခွာပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ အခြေချနေထိုင်ပြီး ရင်း နှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလို  ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်ရာမှာ မိမိနေထိုင်ရာ ဒေသမှာ ရှိတဲ့ ဒေသခံတွေနဲ့ သင့်မြတ်အောင်နေထိုင်ပြီး အသက်မွေးဝမ်းကျောင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။အဲဒီလို အသေးစားလုပ်ငန်းလေးတွေ လုပ် ကိုင်ခဲ့ရာကနေ အခုဆိုရင် အကြီးစားစက်မှုလုပ်ငန်းတွေလုပ်ကိုင်တဲ့အထိ ရောက်ရှိနေပြီး ကမ္ဘာ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်ပတ်သက်နေ ပြီဆိုတာ ဘယ်လိုမှငြင်းဆိုလို့မရတဲ့ အချက်တစ် ချက်ဖြစ်နေပါပြီ။
ဒါကြောင့် အောင်မြင်မှုရရှိနေတဲ့ လုပ်ငန်း ရှင်တွေရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ ဘဝအတွေ့အကြုံ တွေကို ကမ္ဘာအနှံ့အပြားမှာရှိတဲ့ ကုန်သည်တွေ အားလုံးကို မျှဝေခံစားနိုင်ဖို့၊ နှီးနှောဖလှယ်နိုင်ဖို့ အတွက် လိုအပ်တယ်လို့ စင်ကာပူနို င်ငံမှာ ရှိတဲ့ တရုတ်ကုန်သည်များက   ယူဆခဲ့ကြပါတယ်။ ဒါကြောင့် စင်ကာပူနိုင်ငံ တရုတ်ကုန်သည်ကြီး များအသင်း၊ ထိုင်းနိုင်ငံတရုတ်ကုန်သည်ကြီးများ  အသင်းနဲ့ ဟောင်ကောင်တရုတ်ကုန်သည်ကြီးများ အသင်းတို့က ဦးေ ဆာင် ဦးရွက်ပြုကာ ကမ္ဘာ့တရုတ် ကုန်သည်ကြီးများညီလာခံကို ကျင်းပဖို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ဒါကြောင့် ၁၉၉၁ ခုနှစ် ဇွန်လမှာ စင်ကာပူ နိုင်ငံမှာ ပထမဦးဆုံးအကြိမ်  ကမ္ဘာ့တရုတ်ကုန် သည်ကြီးများ ညီလာ ခံကို အောင်မြင်စွာကျင်းပနိုင် ခဲ့ပါတယ်။ အဲဒီညီလာခံကို  နိုင်ငံပေါင်း ၃၀ ကျော်မှ တရုတ်စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် ကမ္ဘာ့တရုတ်ကုန်သည်ကြီးများ ညီလာခံကို နှစ်နှစ်တစ်ကြိမ်ကျင်းပရန် သဘော တူညီခဲ့ကြပြီး ယင်းကဲ့သို့ကျင်းပနိုင်ရန် အမြဲတမ်း ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီလိုဖွဲ့ စည်းပြီးနောက်  ကမ္ဘာ့တရုတ်ကုန် သည်ကြီး များ ညီလာခံကို ကျင်းပခဲ့တာဟာ ယခုနှစ်ဆိုလျှင် ၁၄ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။(၁၄)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ တရုတ် ကုန်သည်ကြီးများညီလာခံ(The 14th World Chinese Entrepreneurs Convention) ကို မြန်မာ  နိုင်ငံ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန် ဗင်းရှင်းစင်တာမှာ စက်တင်ဘာ ၁၆ ရက်က ကျင်းပခဲ့ပါတယ်။အဲဒီညီလာခံကို  ရည်ရွယ်ချက်လေးရပ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်ေ တွ ကတော့ ကမ္ဘာ့ဒေသအသီးသီးမှ အောင်မြင်ကျော်  ကြားတဲ့ တရုတ်လုပ်ငန်းရှင်များနဲ့ မိမိနိုင်ငံတွင်းမှ ကုန်သည်လုပ်ငန်းရှင်များ ပါဝင်ချိတ်ဆက်အကျိုး တူ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အခွင့် အလမ်းများ ဖော်ဆော င်ပေးေ ရး၊  မိမိနိုင်ငံရဲ့ပြု  ပြင်ပြောင်းလဲရေးတံခါးဖွင့်  စီးပွားရေးမဟာဗျူဟာ လက်တွေ့အကောင်အထည်ဖော်မှုကို နိုင်ငံခြား ကုန်သည်လုပ်ငန်းရှင်များ မျက်ဝါးထင်ထင် လေ့ လာသိရှိနိုင်ရေး၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင် စေပြီး နိုင်ငံတော်၏လူမှုစီးပွားကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်မှုကို  တွန်းအားဖြစ်စေနိုင်ရေး၊  မြန်မာနိုင်ငံရဲ့ဂုဏ်ရောင်ကို  ကမ္ဘာ့အလယ်မှာကြီး ကျယ်ခမ်းနားအောင်မြင်စွာ ရပ်တည်နိုင်ရေးတို့ ပင်ဖြစ်ပါတယ်။
]]မြန်မာနိုင်ငံမှာ အခုလို ကမ္ဘာ့တရုတ်ကုန် သည်ကြီးများညီလာခံကို ကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသာမကပါဘူး။ ဒီဖိုရမ်ကို တက်ရောက် လာကြတဲ့ ကမ္ဘာအရပ်ရပ်က လုပ်ငန်းရှင်ပေါင်း နှစ်ထောင်ကျော်အတွက်လည်း စီးပွားရေးအခွင့် အလမ်းတွေ အများအပြား ဖြစ်ပေါ်စေနိုင်ပါတယ်။ လက်ရှိ ကမ္ဘာအနှံ့အပြားရဲ့ စီးပွားရေးဖြစ်ပေါ် တိုးတက်မှုကို ကြည့်မယ်ဆိုရင် နှစ်ပေါင်းများစွာ မိမိနေထိုင်တဲ့နိုင်ငံရဲ့ ဘာသာစကားကျွမ်းကျင်မှု တို့၊ အသိပညာအတတ်ပညာ  ကျွမ်းကျင်မှုတို့၊ တီထွင်နိုင်စွမ်းရှိတဲ့ Óဏ်အမြော်အမြင်တို့ အဲဒီ လို လူ့စွမ်းအားအရင်းအမြစ်တွေအပြင် သူတို့နှစ် ပေါင်းများစွာစုဆောင်းလာကြတဲ့  အရင်းအနှီးတွေ ဟာ အင်မတန်မှ အားသာတဲ့အချက်များပင်ဖြစ်ပါ တယ်}}လို့ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းမှ အမှုဆောင်ဖြစ်သူ ဒေါ်ရွှေစင်က ပြော ကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ သမ္မတရှီကျင့်ဖျင်ဟာ တရုတ် နိုင်ငံရဲ့ စီးပွားရေးမူဝါဒတွေကို ပြောင်းလဲကျင့်သုံး လာခဲ့သလို ကမ္ဘာမှာထင်ရှားလှတဲ့ စီမံကိန်းကြီး သုံးခုကိုလည်းချမှတ်လုပ်ဆောင်ခဲ့ပြီး အောင်မြင် အောင်ဆောင်ရွက်နေတာကို တွေ့မြင်ရမှာဖြစ် ပါတယ်။
အဲဒီစီမံကိန်းကြီးသုံးခုကတော့  ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခုစီမံကိန်း(One Belt, One Road)  ၊ ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းနဲ့ အာရှ အခြေခံ အဆောက်အဦရင်းနှီးမြှုပ်နှံမှုဘဏ(The Asian Infrastructure Investment Bank- AIIB) တို့ပဲဖြစ်ပါတယ်။ အဲဒီစီမံကိန်းသုံးခု အောင်မြင် စေဖို့အတွက်လည်း တရုတ်နိုင်ငံခေါင်းဆောင် များဟာ အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
အဲဒီစီမံကိန်းသုံးခုကို တရုတ်နိုင်ငံက  အကောင် အထည်ဖော်လျက်ရှိရာမှာ မြန်မာနိုင်ငံအနေနဲ့ ရရှိမယ့် အခွင့်အရေးများကို ကောင်းစွာအသုံး ချရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားရေး ပိုမိုတိုးတက်လာစေ ဖို့ စီးပွားရေးနည်းဗျူဟာအရ စီးပွားရေးတိုးတက် ဖွံ့ဖြိုးမှုနည်းလမ်းသစ်များကို ချမှတ်ရမှာဖြစ်သလို မိမိဒေသနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် စီးပွား ရေးမဟာဗျူဟာတွေကို လက်တွေ့ကျကျ ချမှတ်ရ မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အဲဒီစီမံကိန်းသုံးခုမှာ ထဲထဲ ဝင်ဝင် ပါဝင်ပတ်သက်နေတာမို့ အခုကျင်းပတဲ့ ညီလာခံဟာ မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူး အများအပြား ရရှိလိမ့်မယ်လို့ ထင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း တရုတ်လူမျိုးစီးပွားရေး လုပ်ငန်းရှင်တွေဟာ မြန်မာ့စီးပွားရေးလောကမှာ နေရာတစ်နေရာကို ရရှိထားတာတွေ့ရမှာဖြစ်ပါ တယ်။  တရုတ်လူမျိုးဆိုသော်ငြားလည်း မြန်မာ နိုင်ငံသားများဖြစ်တာကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။
ဒီညီလာခံမှာ ကမ္ဘာအရပ်ရပ်က တရုတ်လူမျိုးစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၂၀၀၀ ကျော်နဲ့ မြန်မာနိုင်ငံက တရုတ်လူမျိုး စီးပွားရေးလုပ်ငန်း ရှင်ပေါင်း ၅၀၀ ကျော်တို့ဟာ ဒီဖိုရမ်ကာလအတွင်း မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းပေါင်းများစွာကို  မက်လုံးပေါင်းများစွာနဲ့ ဖိတ်ခေါ်ထားတဲ့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြောင့် ကမ္ဘာအရပ်ရပ် က တရုတ်လူမျိုးရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာ နိုင်ငံကို မျက်စိကျလာမှာအသေအချာပါပဲ။
မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အသီးသီး  မှာလိုအပ်နေတဲ့ ကွက်လပ်ပေါင်းများစွာကိုဖြည့် ဆည်းပေးနိုင်ဖို့အတွက် အခုကျင်းပတဲ့ညီလာခံက  အထောက်အပံ့များစွာ ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ဒါ့အပြင် ဒီအခမ်းအနားမှာ  An opening Economy in Myanmar, A New Epoch in History (မြန်မာနိုင်ငံ၏ အနာဂတ်သာယာလှပဖို့  အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်စို့)ဆိုတဲ့ ဆောင် ပုဒ်ကိုချမှတ်ထားတဲ့အတွက် ဒီညီလာခံဟာမြန်မာ နိုင်ငံရဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ပိုမိုတိုး တက်စေမယ့် လမ်းကြောင်းတစ်ခုအဖြစ် ပုံပေါ် လာတော့မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပါတယ်။

မယ်သီတာ

Local Trade News

Pages