ကန့်ဘလူခရိုင်၌ ကွမ်းဈေးနှုန်း အနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်

Thu, 08/15/2024 - 03:38 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ် ကိုင်လျက်ရှိပြီး ကွမ်းများကို မိမိတို့ယာကွက်များနှင့် နေအိမ်ခြံဝင်းများ၌ တစ်နိုင်တစ်ပိုင်အနေဖြင့် သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြကြောင်း သိရသည်။

   ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည် အသွေးပေါ်မူတည်၍ ဩဂုတ်လ၊ ဒုတိယပတ်တွင် ကွမ်းရွက်(ရှယ်) တစ်ပိဿာလျှင် ငွေကျပ် ၆,၀၀၀ ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ကြီး) တစ်ပိဿာလျှင် ငွေကျပ် ၃,၀၀၀ ဖြင့်လည်းကောင်း၊ ကွမ်းရွက် (သေး) တစ်ပိဿာလျှင် ငွေကျပ် ၂,၀၀၀ ဖြင့်လည်းကောင်း ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူမြို့၊ ကျွန်းလှမြို့ နှင့်မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)