အာဆီယံနှင့် အိန္ဒိယအကြား ကုန်သွယ်မှုပြုရာ၌ အတားအဆီးများဖြေလျှော့နိုင်ရေး လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အပေါ် လာမည့်နိုဝင်ဘာလ၌ ထပ်မံဆွေးနွေးညှိနှိုင်းဖွယ်ရှိ

Tue, 08/13/2024 - 03:36 -- wtodep

အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့သည် ၎င်းတို့၏ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်အပေါ် ထပ်မံဆွေးနွေးညှိနှိုင်းနိုင်ရေး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ တတိယအကြိမ် ဆွေးနွေးမှုကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ဂျာကာတာမြို့တွင် ကျင်းပဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးသုံးသပ်ချက်များသည် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို လျော့နည်းသက်သာစေရန်နှင့် အပြန်အလှန်အကျိုးရှိသောကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊  အိန္ဒိယ-အာဆီယံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၄၁ သာရရှိကြောင်း “The Economic Times” သတင်းတွင် ဖော်ပြပါရှိပါသည်။

အိန္ဒိယ-အာဆီယံအကြား ကုန်စည်နှင့်ပတ်သက်သော သဘောတူညီချက်အပေါ် အဓိကဆွေးနွေး လိုခြင်းဖြစ်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ထားရှိပါသည်။

အိန္ဒိယ-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် ပူးတွဲကော်မတီအောက်တွင် ဆပ်ကော်မတီ ရှစ်ခုကို ဖွဲ့စည်းထားပြီး နယ်ပယ်အသီးသီးတွင် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။

Source:  https://economictimes.indiatimes.com

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန