အဝင်နည်းပေမယ့် ပြည်ကြက်သွန်နီ ပုံမှန်ဈေးရှိ

Wed, 08/10/2016 - 06:43 -- admin_ygn

      ယခုကာလမှာ မြန်မာနိုင်ငံအထက်ပိုင်း  ဒေသအချို့မှာ မိုးများ၍ ရေလွှမ်း မိုးမှုများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ပြည်ဈေးကွက်ရဲ့ စားသုံးသူများကတော့ ဈေး တက် တော့မယ်လို့ခန့်မှန်းပြီး ကြိုတင်ဝယ်ယူမှုများ ရှိနေကြောင်း သိရပါတယ်။ ပြည်ဈေးကွက်ရဲ့ ကြက်သွန်နီ ဈေးနှုန်းမှာ ယခင်ဈေးအနိမ့်ဖြင့် ဝယ်ယူသိုလှောင် ထားရှိမှုများကြောင့် ယခုတစ်ပတ်အတွင်း ပုံမှန်ဈေးဖြင့်သာ ရောင်းချလျက်ရှိနေ သေးကြောင်း သိရှိရပါတယ်။ ဝင်ရောက်မှုအနေနဲ့ ယခုတစ်ပတ်မှာ တစ်နေ့ကို ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်သာ ဝင်ရောက်ခဲ့တာကြောင့် ဝင်ရောက်မှု သိသိသာသာ နည်း သွားပါတယ်။
      အရောင်းအဝယ်အနေနဲ့ ရေကြောင်းတင်ပို့မှုမရှိသဖြင့်  ကားလမ်းဖြင့်သာ တောင် ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မြန်အောင်၊ ပုသိမ် စသည့်မြို့များသို့ စားသုံးရန် တင်ပို့မှု အပါအဝင် ဒေသတွင်းဝယ်လက်များနဲ့ ပုံမှန်သာ ရောင်း ဝယ်မှု ရှိနေကြောင်း သိရပါတယ်။ဈေးနှုန်းမှာ ပွဲရုံများ၌တစ်ပိဿာလျှင် (ကြီး) ၆၃၀ ကျပ်၊ (လတ်) ၅၈၀ ကျပ်၊ (သေး) ၅၅၀ ကျပ်တို့ရှိပြီး လက်လီဈေး အသေးများ တွင် (ရှယ်သန့်) ၈၅၀ ကျပ်၊ (ကြီး) ၇၅၀-၈၀၀ ကျပ်၊ (လတ်) ၇၀၀ကျပ်၊ (သေး) ၅၅၀-၆၀၀ ကျပ်တို့နဲ့ ရောင်း ဝယ်လျက်ရှိနေပါတယ်။

 

ဝင်းလဲ့ဝါ (ပြည်)