သီလဝါအထူးစီးပွားရေးဇုန် အပိုင်း(ခ) စီမံကိန်းတည်ဆောက်မှုစတင်ခြင်း အခမ်းအနားကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ဖွင့်လှစ်

Tue, 02/28/2017 - 03:31 -- admin_ygn

       ရန်ကုန်မြို့နှင့် ကီလိုမီတာ ၂၀ အကွာအဝေးတွင်တည်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန် အပိုင်း(ခ) စီမံကိန်းတည်ဆောက်မှု  စတင်ခြင်းအခမ်းအနား ကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ တွင် ရန်ကုန် တောင်ပိုင်းခရိုင် သီလဝါအထူးစီးပွားရေးဇုန်၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ဖွင့်လှစ်ပေးသည်။ အခမ်းအနားသို့ မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအ ဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ တိုင်း ေ ဒသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ကြီး H.E. Mr. Tateshi Higuchi , Myanmar Japan Thilawa Develo-pment Co., Ltd. (MJTD) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ JICA မှ တာဝန်ရှိသူများ၊ Myanmar Japan Thilawa SEZ Holdings Public Co., Ltd. (MTSH) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာသီလဝါ အများပိုင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ေ ဒသခံ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
         ရှေးဦးစွာ Myanmar Japan Thilawa Devlopment Limited ဥက္ကဋ္ဌ ဦးသိန်းဟန်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှ င့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က "မိမိတို့နိုင်ငံတွင် သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန် သုံးခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သီလဝါအထူး စီး ပွားရေးဇုန်သည် ရှေ့အရောက်ဆုံးဖြစ်နေသော ဇုန်ဖြစ်ပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန် ပထမအဆင့်ဇုန်(A)ကို ရာနှုန်းပြည့် နီးပါးအကောင်အထည်ဖော်ပြီး ပြည်ပပို့ကုန်များကို ထုတ်လုပ်တင်ပို့နေပြီဖြစ်ပါကြောင်း၊ ဒေ သ ခံပြည်သူများကိုလည်း  အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုဆက်လက်၍ ဇုန် (B) ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ  ပိုမိုတိုးတက်လာမည်ြ ဖစ်သကဲ့သို့ ဒေသခံပြည်သူများ၏ လူနေမှုဘဝမြင့်မားလာအောင်လည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင်နှစ်ပေါင်း ၆၃ နှစ်ခန့်ရှိလာပြီဖြစ်သည့် မြန်မာ-ဂျပန် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးအတွက် သီလဝါ အထူး စီးပွားရေးဇုန်သည် အရေးပါသည့် ပြယုဂ်တစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။
         ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင် ၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်  Mr. Haruhiko Ando၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Tateshi Higuchi ၊ ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Hideo Watanabe နှင့် တာဝန်ရှိသူများက အမှာစကားများ ပြောကြားကြပြီး သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းတွင် ပူးပေါင်း ပါဝင်ခဲ့ကြသောဒေသခံများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ကြသည်။ ထို့နောက် သီလဝါအထူးစီးပွားရေးဇုန် အပိုင်း(ခ) စီမံကိန်းတည်ဆောက်မှုစတင်ခြင်း အခမ်းအနားကို သတ်မှတ်နေရာ၌ကျင်းပရာ မြန်မာအထူးစီးပွား ရေး ဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ်၍ ဖွင့်လှ စ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် သီလဝါအထူးစီးပွား ရေးဇုန်အပိုင်း(ခ) စီမံကိန်းတည်ဆောက်မှု စတင်ခြင်းအခမ်း အနားအထိမ်း အမှတ်သစ်ပင်များကို  စိုက်ပျိုးပေးကြသည်။

 

Myanmar President Office Page

Local Trade News

Pages