ရက်သတ္တပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်နဲ့ဆန်ကွဲ ပိုမိုတင်ပို့

Mon, 09/26/2016 - 05:46 -- admin_ygn

       မြန်မာ - တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၀ရက်မှ ၁၆ရက် ကာလအတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၂၆ သန်းဖိုးရှိ ဆန်တန်ချိန် ၈၅၄၉ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၄၀၇၂တန်၊ ဧည့်မထဆန် တန်၅၀ဝ၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ငစိန် ဆန် ၁၁၂တန်ကျော်နဲ့ လွ ယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၈၆၅ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် မြန်မာ့ဆန်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၁၆၅၈တန် လျော့နည်းခဲ့ ကြောင်း သိရှိရပါတယ်။ ယခုတစ် ပတ်မှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၁ သန်းဖိုးရှိ ဆန်ကွဲ ၁၅၀၉ တန်ခန့်ကို မူဆယ်မှ ၁၁၇၈တန်နဲ့ လွယ်ဂျယ်မှ ၃၃၁ တန်စီ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် ၂၅၃တန် လျော့နည်းခဲ့ပြီး၊ ယခု တစ်ပတ်မှာ ကုန်သွယ်ရေး စခန်းများမှ ဆန်ရော ဆန်ကွဲပါ တင်ပို့မှုလျော့ကျခဲ့ပါ တယ်။
       ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၄၆၆သန်းဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၁၁၇၅တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်တင်ပို့မှုထက် ၉၈၇တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ ဧည့်မထဆန် တန်၇၅၀၊ ဂျာမနီနိုင်ငံသို့ ပေါင်းဆန် ၁၇၅ တန်၊ စပိန်နိုင်ငံသို့ ပေါင်း ဆ န်တန်၂၅၀ တင်ပို့ခဲ့ပါတယ်။ ဆန်အပြင် အမေရိကန် ဒေါ်လာ သုညဒသမ ၃၉၆သန်းဖိုးရှိ ဆန်ကွဲ ၁၄၂၅ တန်ကို မလေးရှားနိုင်ငံသို့ တန် ၁၀ဝ၊ စင်ကာပူနိုင်ငံသို့ ၃၂၅တန်နဲ့ အီး ယူနိုင်ငံများသို့ တန် ၁၀ဝ၀ တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဆန်ကွဲတင်ပို့မှု ၁၃၆၃တန် ပိုမိုတင်ပို့နိုင်ပြီး၊ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ရော ဆန်ကွဲပါ ပိုမိုတင်ပို့နိုင်ေ ကြာင်း သိရှိရပါတယ်။
        ယခုဘဏ္ဍာနှစ်စ ဧပြီ၁ရက်မှ စက်တင်ဘာ ၁၆ရက်အထိ အမေရိကန်ဒေါ်လာ ၁၆၈ဒသမ ၈၄၆သန်း တန်ဖိုးရှိ ဆန်နဲ့ဆန်ကွဲ နှစ်ရပ်ပေါင်း တန်ချိန် ၄၉၀၅၃၃ ကျော် တင်ပို့ ခဲ့ပါတယ်။  အမေရိကန်ဒေါ်လာ ၁၃၂ဒသမ ၁၈၆သန်း တန်ဖိုးရှိ ဆန် တန်ချိန် ၃၆၆၁၇၂ တင်ပို့နိုင်ခဲ့ပြီး၊ယမန်နှစ်ကာလတူထက် ၉၆၈၂၃တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ အေ မရိကန်ဒေါ်လာ ၃၆ဒသမ ၆၆သန်း တန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၁၂၄၃၆၁ ကျော် တင်ပို့နိုင်ခဲ့ပြီး ကာလတူထက် ၉၅၀၅၉ တန် လျော့နည်း တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။

 

ယဉ်ယဉ်အေး