မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အဖွဲ့ ဂျပန်နိုင်ငံသို့ထွက်ခွာ

Tue, 02/21/2017 - 03:30 -- admin_ygn

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနှင့် ဂျပန်နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ အထူး စီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆွေးနွေးနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၂ ရက်ညနေပိုင်းတွင် လေ ကြောင်းခရီးဖြင့် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ထွက် ခွာခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက်ဒေသစံတော်ချိန် နံနက် ၀၆:၄၅ နာရီအချိန်တွင် ရောက်ရှိပါသည်။
        ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက် ၁၃:၀၀ နာရီအချိန်တွင် တိုကျိုမြို့ရှိ ဂျပန်နိုင်ငံကုန်သည်များအသင်းရုံးသို့ သွားရောက်ကာ ဂျပန်-မဲခေါင်စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုကော်မတီ ဥက္ကဋ္ဌဖြစ်သူ Mr. Yoichi Kobayashi ၊ ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဖြစ်သူ Mr. Toru Ishida နှင့် အထွေထွေမန်နေဂျာ Takeshi Akagi တို့နှင့် တွေ့ဆုံကာ နှစ်နို င်ငံကုန်သွယ်မှုတိုးမြှင့်ရေးနှင့် စီးပွားရေးဇုန်များ အထူးသဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန် နိုင်ငံမှလုပ်ငန်းရှင်များလာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြည်ေ ထာင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ စံတော်ချိန် မွန်းလွဲ ၁၆:၀၀ နာရီအချိန်တွင် တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အကြံပေးဖြစ်သူ Mr.Izumi နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်လုပ်ငန်းရှင်များလာရောက် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
        ထို့နောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် တိုကျိုမြို့အရှေ့မြောက်ဖက် ကီလိုမီတာ ၈၀ ခန့်ဝေးသော Ibaraki စီရင်စုတွင် တည်ရှိသည့် ကားရှီးမားကမ်းခြေစက်မှုဇုန် (Kashima Coastal Industrial Zone) သို့ သွားရောက်လေ့လာခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အား Kanto Regional Development Bureau မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Takada နှင့်တာဝန်ရှိ သူများက ကားရှီးမားကမ်းခြေစက်မှုဇုန် (Kashima Coastal Industrial Zone) တည်ဆောက်မှုအခြေအနေအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါနေ့ မွန်းလွဲပိုင်း ၁၃:၃၀ နာရီအချိန်တွင် Nippon Steel &Sumitomo Metal Corporation သို့ သွားေ ရာက်လေ့လာခဲ့ပြီး ၁၉:၀၀ နာရီအချိန်တွင် Japan-Myanmar Association မှ တည်ခင်းဧည့်ခံ သော ညစာစားပွဲသို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

MOC (IR)