မတ်လအတွင်း ဈေးအေးသွားတဲ့ ပြည်ပဲနီပြား လက်လီလက်ကားအဝယ်ရှိ

Tue, 04/05/2016 - 04:56 -- admin_ygn

            မတ်လကုန်သီတင်းပတ်အတွင်း ပြည်ပဲဈေးကွက်မှာ ပဲနီပြားသီးနှံများ ဝင် ရောက်မှုများတဲ့အတွက် အိတ် ၃၀၀ ကျော်အထိ ဝင်လာခဲ့တာကို  တွေ့ရပါတယ်။ ဖေဖော်ဝါရီလမှစ၍ ပဲသစ်များ ဝင်ရောက်ခဲ့ပြီး၊ ၎င်းလအတွင်း ပဲ နီပြားဈေးနှုန်းမှာ ၃၄၅၀၀ ကျပ်အထိ ရရှိခဲ့တဲ့အတွက် အခြားလက်လီပဲများထက်လည်း ဈေးပိုရလာခဲ့ တယ်လို့ သိရပါတယ်။ မတ်လမှာတော့ ပဲအဝင်များလာတဲ့အတွက် ပဲဈေးမှာ ဈေး ပြန်လျော့သွားပြီး ကျပ်သုံးသောင်းအောက်သာ  ရရှိခဲ့ကာ ယခုရက်ပိုင်းမှာလည်း ဈေးအလျော့နဲ့ ဆက်လက်အဝယ်ရှိလို့ တစ်တင်း ၂၁၀၀၀ ကျပ်ရရှိခဲ့ပြီး လှောင် လက်များ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ လက်လီသမားလည်း အဝယ်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါတယ်။

 

ခင်ဆွေဝင်း-ပြည်

Local Trade News

Pages