ဘိလပ်မြေဈေးကွက်အရောင်းပုံမှန်ရှိ

Thu, 12/15/2016 - 07:20 -- admin_ygn

        နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ၃ ရက် အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် ၁၅၀၄၀ တန် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၂၃၀ ကျော် နဲ့နှိုင်းယှဉ်ရင်  တန်ချိန် ၁၄၈၀၀ ကျော် အဝင်ပိုခဲ့ပါတယ်။ ဒီတစ်ပတ်နယ်စပ်လမ်းမှ  ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၄၅၁၀ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်၈၄၃၀ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၆၀၈၀ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။
        မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေ  အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ် ဆင်က ကျပ် ၉၀ နဲ့ စိန်က ၁၇၅ ကျပ်ဈေးကျလာပြီး ကြံ့က ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက် ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်(ထိုင်း) ကျပ်၅၂၆၀၊ ကြံ့ (မြိုင်ကလေး) ကျပ် ၄၆၅၀၊ စိန်(ထိုင်း) ကျပ် ၅၄၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ရေးဆိုင်မှ သိရှိရပါတယ်။ မန္တလေးဘိလပ်ေြ မေ ဈးကွက်မှာ အရောင်းအဝယ်သွက်ပြီး ဈေးငြိမ်ကာ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ စိန်(ထိုင်း) ကျပ် ၆၈၀၀၊ အေသုံးလုံး ကျပ် ၄၄၀၀၊ မြန်မာဆင် ကျပ် ၄၁၀၀၊ ဆင် မင်း ကျပ် ၄၂၀၀၊ ကျားခေါင်း ကျပ် ၄၀၀၀၊ မြင်းခေါင်း ကျပ်၄၅၀၀ ၊ ဆင်(ထိုင်း)  ကျပ် ၆၇၀၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး ဆိုင်မှ စုံစမ်းသိရပါတယ်။
          ရန်ကုန်ဈေးကွက်မှာ ဒီရက်ပိုင်း ရာသီဥတုသာယာလာတာကြောင့် အရောင်း အဝယ်ပုံမှန်ရှိပြီး ဆင်ကဈေးကျကာကြံ့နှစ်ကောင်က ဈေးနည်းနည်း မြင့်လာတယ် လို့ သိရပါတယ်။ အထိုင်ဈေးနဲ့အရောက်ဈေးက ကျပ်၁၀၀ ကွာတယ်လို့ သိရပါ တယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင် ကျပ် ၅၇၀၀၊ စိန် ကျပ် ၅၆၀၀၊ ကြံ့နှစ်ကောင်(နီ) ကျပ်၅၀၀၀၊ ကြံ့နှစ်ကောင် (စိမ်း) ကျပ် ၄၇၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။  

 

သီတာဝင်း (DOT)  စုစည်းသည်

Local Trade News

Pages