ပြည်ပဲတီစိမ်း အသစ်များ အဝင်ရှိသလောက်အရောင်းသွက်

Tue, 08/16/2016 - 08:03 -- admin_ygn

     သြဂုတ်လ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းအသစ်များ ဆက်လက်ဝင်ရောက်လျက်ရှိရာ တစ် ရက်လျှင်အိတ် ၄၀၀ ကျော်အထိ ပဲအဝင် များလာခဲ့တာကို တွေ့ရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင် ကျီးသဲ၊ မင်း တုန်း၊ ကံမမြို့နယ်များမှ နယ်စုံသလောက် ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်း ဒေသများက အဝင်ရှိသလောက် ဝယ်ယူနေတဲ့ အတွက် အရောင်းအဝယ် သွက်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပဲဈေးနှုန်းကတော့ ပဲပေါ်စ အ ဖွင့်ဈေးထက် ဈေး အနည်းငယ်လျော့သွားခဲ့တာကြောင့် တစ်တင်းကျပ် ၂၃၅၀၀ ဖြင့်သာ အရောင်းအဝယ်ဖြစ်နေခဲ့ကြပါတယ်။ ပြည်ပဝယ်လို အားရှိသော မတ်ပဲ၊ ပဲစင်းငုံ သီးနှံများနဲ့  နှိုင်းယှဉ်လျှင်လည်း ပဲတီစိမ်း ဈေးအေးနေေ ကြာ င်း လေ့ လာသိရှိရပါတယ်။

 

ခင်ဆွေဝင်း