ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်းသွားသော်လည်း ကိုးသိန်းကျော်နေဆဲ

Thu, 06/01/2017 - 06:47 -- admin_ygn

      ယခုတစ်ပတ်အတွင် ပြည်တွင်းရွှေဈေးများ ပြန်လည်ကျဆင်းလာသော်လည်း ကျပ်ကိုးသိန်းအထက်တွင်သာရှိနေသေးကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာမှုကြော င့် ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပြည်တွင်းရွှေဈေးများသည် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် လိုက်ပါမြင့်တက်ခဲ့သဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၁၀၀၀၀ သို့ ရောက်ရှိခဲ့သည်။
       ယခုတစ်ပတ်တွင်မူ ကမ္ဘာ့ရွှေဈေးကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေး ကျ ဆင်းလာခဲ့ကြောင်း၊ သို့သော်လည်း  ပြည်တွင်းငွေလဲနှုန်းများမှာ အတက်အကျများ ဖြစ်နေသဖြင့် ပြည်တွင်းရွှေဈေးမှာ အနည်းငယ်သာ ကျဆင်း လာခဲ့ကြောင်း ရွှေကုန် သည်တစ်ဦးက ပြောကြားခဲ့သည်။"ဒီတစ်ပတ်မှာတော့ ပြည်တွင်းရွှေဈေးက ကျလာတယ်။ ဒါပေမယ့် ကိုးသိန်း အောက်ကိုတော့ ရောက်မလာသေးဘူး။ ကိုးသိန်းအထက်မှာပဲ ရှိနေသေးတယ်။ ကမ္ဘာ့ရွှေေ ဈးကျပေမယ့် ပြည်တွင်းက ငွေလဲနှုန်းကမကျတော့ ပြည်တွင်းရွှေဈေး ထိုက်သင့်သလောက် ကျမသွားဘူးပေါ့"ဟု ရွှေကုန်သည်ဦးစံမြင့်က ဆိုသည်။
        မေ ၂၂ ရက်က ပြည်တွင်းရွှေဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၉၀၆၅၀၀ ရှိခဲ့ပြီး မေ၂၄ ရက်တွင် ကျပ် ၉၀၈၀၀၀ သို့ မြင့်တက်ခဲ့သည်။ မေ ၂၆ရက်တွင် ကျပ် ၉၀၆၀၀၀သို့ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ သည်။ ကမ္ဘာ့ ရွှေဈေးကွက်တွင် မေ ၂၂ ရက်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၅၅ ရှိခဲ့ပြီး မေ ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၅၆ ရှိခဲ့သည်။

 

မယ်သီတာ