ပြည်တွင်းငွေလဲနှုန်းများ ငြိမ်သက်လျက်ရှိ

Wed, 08/03/2016 - 08:47 -- admin_ygn

        ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်း များသည် ယခုတစ်ပတ်တွင်မူ ငြိမ်သက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်း သိရှိရသည်။ ဈေးငြိမ်သက်နေမှုကြောင့် ဈေးကွက်အတွင်း အေ ရာင်းအဝယ်များ  သွက်လက်လာခဲ့ကြောင်း အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကပြောသည်။ "ဈေးအတက်အကျနည်းတဲ့အတွက်  အရောင်းအဝယ်က တော်တော်လေးကို သွက်ပါတယ်။ အရောင်းအဝယ်သွက် လာပေမယ့် ဈေး ကတက်မသွားဘူး။ အရင် တုန်းကဆိုရင် အရောင်းအဝယ်သွက်လာပြီဆိုတာနဲ့ ဈေးကတက်သွားတတ်တာ။ အခုတော့ ဈေးကတစ်ပတ်လုံးမှာ တစ်ကျပ် နှစ်ကျပ်လောက်ပဲ တက်တဲ့အတွက် ဈေးငြိမ်တယ်လို့ပြောရမှာပါ"ဟု ဈေး ကွက်အတွင်းဝယ်ရောင်း လုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။
         ပြည်တွင်းငွေလဲဈေးကွက်များတွင် ဇူလိုင်လ ၂၅ ရက်က ရောင်းဈေး ၁၁၈၈ ကျပ်၊ ဝယ်ဈေး ၁၁၈၅ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ပတ်အတွင်း နှစ်ကျပ်ခန့်သာအတက်အကျ ရှိခဲ့သည်။ ဇူလိုင် ၂၉ ရက်တွင် လည်း ေ ရာင်းဈေး ၁၁၈၈ကျပ်၊ ဝယ်ဈေး ၁၁၈၄ ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည်။

 

မယ်သီတာ