ငွေလဲနှုန်းများ ပြန်လည်မြင့်တက်လာ

Thu, 02/16/2017 - 05:43 -- admin_ygn

         ပြီးခဲ့သည့်ရက်သတ္တပတ်များက ကျဆင်းခဲ့သည့် ငွေလဲနှုန်းများသည် ယခု တစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့သည်။ တစ်ပတ်အတွင်း ၁၁ ကျပ်မြင့်တက် ခဲ့သဖြင့် ဈေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်။ မြန် မာနိုင်ငံတော် ဗဟိုဘဏ်၏ ရက်သတ္တပတ်တစ်ပတ် အဖွင့်ဈေးမှာ ကျပ် ၁၃၅၀ ဖြစ်သော်လည်း ဖေဖော်ဝါရီ  ၈ ရက်တွင် ကျပ် ၁၃၆၀ သို့ မြင့်တက်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်ခဲ့သဖြင့် ပုဂ္ဂလိကဘဏ် များ နှင့် ပုဂ္ဂလိကငွေလဲစင်တာများ၏ ငွေလဲနှုန်းများလည်းမြင့်တက်ခဲ့ကြောင်း၊ နိုင်ငံ တကာတွင်လည်း အမေရိကန်ဒေါ်လာနှင့်လဲလှယ်နှုန်းများ မြင့်တက်လျက်ရှိသဖြင့် ပြည်တွင်း၌ ယခုကဲ့သို့ မြင့်တက်လာရခြင်းဖြစ်ကြောင်း ငွေ လဲစင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုတစ်ပတ် ငွေလဲနှုန်းသည် အမြင့်ဆုံးဈေးအဖြစ် ဖေဖော်ဝါရီ ၈ ရက်တွင် ကျပ် ၁၃၇၀ အထိ ရောက်ရှိခဲ့ပြီး နောက်ရက်များတွင် အနည်းငယ်ပြန်လည်ကျဆင်းခဲ့ သ ည်။
         "ငွေလဲနှုန်းမြင့်တက်လာတဲ့အတွက် ဈေးကစားတာမျိုးတွေ မဖြစ်အောင် ထိန်းပေးဖို့လိုပါတယ်။ နိုင်ငံတကာမှာတက်လို့ ဒီမှာလိုက်တက်တယ်ဆိုပေမယ့် အများကြီးတက်တာမျိုးကတော့ ကုန်သည်တွေအတွက် အဆင်မပြေ ပါဘူး" ဟု ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့သည်။ ဖေဖော်ဝါရီ ၆ ရက် အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၅၈ ကျပ်၊ ဝယ်ဈေး ၁၃၅၄ ကျပ်ရှိ ခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၀ ရက်တွင် ရောင်းဈေး ၁၃၆၉ ကျပ်၊ ဝယ်ဈေး ၁၃၆၆ ကျပ် သို့ မြင့်တက်ခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages