ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ တရုတ်ဈေးကွက်သို့ပို့ရာတွင် အတားအဆီးများနှင့် ရင်ဆိုင်နေရ

Thu, 06/13/2019 - 07:17 -- admin_ygn

        ဗီယက်နမ်လယ်ယာစိုက်ပျိုးရေးထုတ်ကုန်အများစုမှာ တရုတ်နိုင်ငံ သို့တင်ပို့ရာတွင် အတားအဆီးများနှင့် ရင်ဆိုင်နေရကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကပြောသည်ဟု ဗီယက်နမ်နယူး အေဂျင်စီသတင်းတွင် ဖော်ပြသည်။ အထူးသဖြင့် ဆန်၊ ဟင်းသီးဟင်းရွက်နှင့် ပီလောပီနံတို့မှာ အတားအဆီးအများဆုံးကြုံတွေ့ရသော သီးနှံများဖြစ်ကြသည်။ လေဘယ်ကပ်ခြင်း၊ ထုပ်ပိုးခြင်း၊ သတင်းအချက်အလက်များ ဖော်ပြ ခြင်းနှင့် နယ်စပ်ဝင်ပေါက်များတွင် သွင်းကုန်ဆိုင်ရာ စည်းမျဉ်းများဖြင့် တင်း ကျပ်ခံရခြင်း စသည့်ကန့်သတ်ချက်များကြောင့်  လယ်ယာထွက်ကုန်များ အခက်အခဲတွေ့လျက်ရှိရာ ပီလောပီနံသည် နောက်ဆုံးပို့ကုန်အဖြစ် ပါဝင် လာကြောင်း ဝန်ကြီးဌာနလက်အောက်ရှိ လယ်ယာထွက်ကုန်ဆင့်တက်ပြုပြင် ရေးနှင့် ဈေးကွက်ဖွံ့ဖြိုးရေးဦးစီးဌာနကပြောသည်။ ဝယ်လိုအား  ကျဆင်းလာသည့်အတွက် တရုတ်နိုင်ငံသို့ ပီလောပီနံ တင်ပို့မှုသည် ယခုနှစ် ဒုတိယသုံးလပတ်တွင် ကျဆင်းမည်ဟု ဦးစီးဌာနက ခန့်မှန်းထားသည်။
        ပီလောပီနံသည် လွန်ခဲ့သောနှစ်များက အမေရိကန်ဒေါ်လာဘီလီယံနှင့်  ချီ၍ရအောင် ပြည်ပတင်ပို့ခဲ့ရသော  လယ်ယာထွက်ကုန်သီးနှံဖြစ်ခဲ့သည်။ သို့ရာတွင် ယခုနှစ် ပထမငါးလတွင် ပြည်ပသို့ တန်ချိန် ၁ ဒသမ ၀၈သန်း တင်ပို့ခဲ့ရာ ဝင်ငွေအမေရိကန်ဒေါ်လာ ၄၁၄ သန်းရရှိခဲ့သည်။  နှစ်အလိုက်နှိုင်း ယှဉ်ပါက တန်ဖိုးအား ၁၁ ရာခိုင်နှုန်းနှင့် ပမာဏအားဖြင့် ၁၇ ဒသမ ၆ ရာခိုင် နှုန်းကျဆင်းခဲ့ကြောင်း ဗီယက်နမ်နက်သတင်းတွင်ဖော်ပြသည်။ တရု တ်နိုင်ငံသည် ဗီယက်နမ် ပီလောပီနံအတွက် အကြီးဆုံးဈေးကွက် အဖြစ် ဆက်လက်တည်ရှိနေသော်လည်း ယခုနှစ်ပထမလေးလတွင် တရုတ် ဈေးကွက်သို့ ပို့ကုန်အားလုံးတင်ပို့မှုမှာ ၂၀၁၈ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါ က ပမာဏအားဖြင့် ၁၆ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း ခဲ့သည်။ ယခင်ကလည်းကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနေထိုင်သော နိုင်ငံ က ဗီယက်နမ်ဆန်ပို့ကုန်များကို တားဆီးခဲ့သည်။ ၂၀၁၈ ခုနှစ်မှစ၍ တရုတ် နိုင်ငံသည်  ဗီယက်နမ်နိုင်ငံ ကောက်ညှင်းဆန်တင်သွင်းခွန်ကို  ၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ပြီး တခြားဆန်အမျိုးအစားများ တင်သွင်းမှုကိုလည်း ထိန်းချုပ်မှု တင်းကျပ်ခဲ့သည်။

 

စံမီအောင်